ဇန်နဝါရီမှာ လူဝယ်မယ်လို့ အာတီတာက ထုတ်ဖော်ပြောထားတာပါ။

အစ္စကိုကို ၆လအငှားနဲ့ ခေါ်ယူဖို့ ရည်ရွယ်နေတာ ဖြစ်ပြီး ကော်စတာကိုတော့ အလွတ်ခေါ်ယူနိုင်ခွင့်ရှိနေတာပါ။

အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ လုပ် ဆောင်မယ်လို့ နည်းပြ အာတီတာကိုယ်တိုင် ထုတ်ဖော်ပြောထားပါတယ်။



ဆိုးရွားနေတဲ့ ရလဒ်တွေအတွက် အသင်းကို ပြင်ဆင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာ ၂ပွဲဆက် နိုင်ပွဲနှင့် အတူ ရလဒ်ပိုင်း ပြန်လည်တည်ငြိမ်စပြုလာပါပြီ။

ဒါပေမယ့်လည်း အသင်းကို လူဝယ်ဖြည့်မယ့် အစီအစဥ်ကို အပြောင်းအလဲ ဖြစ်ခံမှာ မဟုတ်ပဲ ခေါ်ယူဖို့ ချိန်ရွယ် ထားတဲ့သူတွေလည်း သတင်းတွေ ထွက်ပေါ်လာနေပါပြီ။

အဆိုပါ ကစားသမားတွေကတော့ ရီးရဲမက်ဒရစ်ကွင်းလယ်ူ အစ္စကိုနဲ့ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ကော်စတာတို့ ပါဝင်နေပါတယ်။

အစ္စကိုတော့ အာဆင်နယ်အသင်းက ၆လအငှားစာချုပ်နဲ့ ခေါ်ယူဖို့ စီစဥ်နေတယ်လို့သိရပြီး အဓိက ပြိုင်ဖက်အဖြစ် ဆီဗီလာ အသင်းနဲ့ ပြိုင်ရဖွယ်ရှိနေပါတယ်။

AS သတင်းဌာနရဲ့ ဖော်ပြချက်အရ အစ္စကိုဟာ ဆရာဟောင်းဖြစ်သူ လော့ပတ်တီဂီနဲ့သာ လက်တွဲလိုနေပြီး စပိန်မှာ ကျင်လည်ချင်နေတယ်လို့လည်းသိရပါတယ်။

အခြားတစ်ဖက်မှာတော့ အက်သလက်အသင်းနဲ့ ဇန်နဝါရီမှာ စာချုပ်ဖျက်သိမ်းဖို့ရှိနေတဲ့ တိုက်စစ်မှူး ဒီယေဂို ကော်စတာကို မျက်စိကျနေပြီး အလွတ်ခေါ်ယူခွင့်ရှိနေတာပါ။

ကော်စတာနဲ့ အက်သလက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ရာသီကုန်အထိဖြစ်ပေမယ့် ကလပ်အသင်းက ၆လ အလိုမှာ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းဖို့ ရှိနေတာပါ။

အာဆင်နယ်အသင်းအနေနဲ့ ဒီယေဂိုကို ဂျူဗင်တပ်အသင်းနဲ့အပြိုင် ခေါ်ယူရဖွယ်ရှိနေပြီး ကစားသမားကို အလွတ် ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် အက်သလက်မှာ ကော်စတာကို တစ်ပတ်လုပ်ခ ပေါင် ၂သိန်း ၇သောင်းပေးချေထားတာ ပါ။

ဒါက အာဆင်နယ်အတွက် အဓိက အခက်အခဲ အဖြစ်ရှိနေပြီး ကိုဗစ်ကာလမှာ အသင်းကို လစာလျော့မှုတွေ ဝန်ထမ်းလျော့ချမှုတွေ လုပ်ဆောင်နေတာကြောင့် ကော်စတာကို မြင့်မားတဲ့လစာတစ်ခု ပေးချေဖို့ အနည်းငယ် အခက်တွေ့နိုင်ပါတယ်။

ဒါပေမယ့် အသင်းကို အင်အားဖြည့်တင်းမယ့် အာဆင်နယ်အသင်းအနေနဲ့ လူကောင်းတွေကို တန်ဖိုးကြီး ပေးခေါ် မှသာ ဖြစ်မှာမို့လည်း ဒီလိုအချက်တွေကိုအာဆင်နယ်အသင်း ထည့်သွင်းတွက်ချက်လာနိုင်ပါတယ်။

အာဆင်နယ်အသင်းကတော့ လက်ရှိမှာ ပရီးမီးယားလိဂ် ၂ပွဲဆက်အနိုင်နှင့်အတူ မူလ အဆင့်၁၅မှ ၁၃ကို ခုန်တက် လာနိုင်ခဲ့ပါပြီ။

Share

Loading Next Article...
က္က