၂ နေရာစာ ကစားနိုင်သူကို ခေါ်ယူမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အနေနဲ့ အလာဘာကိုသာ ရရှိခဲ့မယ်ဆိုရင် ဗဟိုခံစစ်မှူးရာမို့စ် နဲ့ ဘယ်အစွန်နောက်ခံလူမာဆယ်လိုတို့ရဲ့ နေရာနှစ်နေရာစာအတွက် တစ်ဦးတည်းနဲ့ ဖြည့်တင်းနိုင်မှာလည်းဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူဒေးဗစ်အလာဘာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ စပိန်နာမည်ကြီးသတင်းစာ Marca က ဖော်ပြသွားခဲ့ပါတယ်။ အလာဘာဟာ ရာသီကုန်မှာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိမှာ နှစ်သက်ရာအသင်းတွေနဲ့ ဆွေးနွေးခွင့်ရရှိထားပြီး အကြိုသဘောတူညီမှုရယူနိုင်မှာလည်းဖြစ်ပါတယ်။



သြစတြီးယားနောက်ခံလူဟာ ဘိုင်ယန်မှာ ကာလရှည်ကစားခဲ့သူဖြစ်ပြီး ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စာချုပ်သစ်အတွက် အလာဘာက တစ်ပတ်လုပ်ခပေါင်နှစ်သိန်းအထိ တောင်းဆိုခဲ့မှုကို ဘိုင်ယန်က လိုက်လျောဖို့ခက်ခဲနေခဲ့ပြီးနောက် လက်မှတ်ရေးထိုးဖို့ အဆင်မပြေမှုတွေရှိနေခဲ့ကာ စာချုပ်သက်တမ်းနောက်ဆုံးကာလကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်နဲ့ အလာဘာတို့ကြားမှာ ကြိမ်ဖန်များစွာဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး အောက်တိုဘာလကုန်မှာ အပြီးသတ်အဖြေပေးဖို့ ကစားသမားကို ဘိုင်ယန်က တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ညှိနှိုင်းမှုတွေ အဆင်မပြေခဲ့တာကြောင့် အလာဘာဟာ ဘိုင်ယန်က ထွက်ခွာဖို့ရေပန်းစားခဲ့ပြီး ဥရောပထိပ်သီးအသင်းတွေက သူ့ကိုဆက်သွယ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ 

ရီးရဲလ်မက်ဒရစ်အနေနဲ့ အလာဘာကိုသာ ရရှိခဲ့မယ်ဆိုရင် ဗဟိုခံစစ်မှူးရာမို့စ် နဲ့ ဘယ်အစွန်နောက်ခံလူမာဆယ်လိုတို့ရဲ့ နေရာနှစ်နေရာစာအတွက် တစ်ဦးတည်းနဲ့ ဖြည့်တင်းနိုင်မှာလည်းဖြစ်ပါတယ်။ မာဆယ်လိုက ခြေစွမ်းကျဆင်းနေပြီဖြစ်သလို ရာမို့စ်ကလည်း အသက်အရွယ်ကြောင့် ဟန်သာရှိပြီး မာန်တင်းကစားနေရချိန်မှာ နေရာနှစ်နေရာကစားနိုင်တဲ့ အလာဘာက ဇီဒန်းအတွက် ဝှက်ဖဲတချပ်ဖြစ်လာဖွယ်ရှိနေပါတယ်။ 

ဒါ့အပြင် အလွတ်ခေါ်ယူနိုင်မှာဖြစ်လို့လည်း ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ငွေကြေးသိပ်မသုံးစွဲချင်တဲ့ ကလပ်အသင်းရဲ့ပေါ်လစီနဲ့လည်း ကိုက်ညီနေပါတယ်။ ရီးရဲလ်အနေနဲ့ အလာဘာကို ၄ နှစ်စာချုပ်ချုပ်ဆိုပြီး တစ်နှစ်လုပ်ခ ယူရို ၁ဝသန်းပေးချေသွားဖို့ စီစဉ်ထားကြောင်းလည်း Marca က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က