ရာသီကုန်မှာ အလွတ်ထွက်ခွာဖွယ်ရှိနေတာပါ။
Pyae Phyo Thein

ရီးရဲလ်အနေနဲ့ ကစားသမားကို စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ဘူးရင် အလွတ်ထွက်ခွာခွင့်ပေးရမှာဖြစ်ပြီး စပိန်ဝါရင့်နောက်ခံလူရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းလာခဲ့ပြီဖြစ်ပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းခေါင်းဆောင်နောက်ခံလူရာမို့စ်ကို လက်ရှိအချိန်ထိ စာချုပ်သစ်ကမ်းလှမ်းထားခြင်းမရှိဘူးလို့ သိရပါတယ်။ ရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ရာမို့စ်နဲ့ သူ့ရဲ့အေးဂျင့်လည်းဖြစ်၊ အစ်ကိုလည်းဖြစ်တဲ့ ရီနီတို့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ လုပ်ရပ်အပေါ်မှာ ဒေါသထွက်နေကြတယ်လို့လည်း စပိန်အခြေစိုက်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။



ရာမို့စ်ဟာ စာချုပ်သက်တမ်းနောက်ဆုံးအပိုင်းအခြားကာလကို ရောက်ရှိနေပြီဖြစ်လို့လည်း လာလီဂါပြင်ပကလပ်တွေနဲ့ လွတ်လပ်စွာဆွေးနွေးခွင့်ရရှိထားပြီးလည်းဖြစ်ပါတယ်။ ရီးရဲလ်အနေနဲ့ ကစားသမားကို စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ဘူးရင် အလွတ်ထွက်ခွာခွင့်ပေးရမှာဖြစ်ပြီး စပိန်ဝါရင့်နောက်ခံလူရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းလာခဲ့ပြီဖြစ်ပါတယ်။ 

ရာမို့စ်ဟာ ရီးရဲလ်အတွက် ၁၆ ရာသီကြာကစားပေးထားသူဖြစ်ပြီး ပွဲပေါင်း ၆၆၆ ပွဲအထိ ကစားပေးပြီးဖြစ်ကာ ဂိုးပေါင်း ၁၀၀ ပြည့်အောင် သွင်းယူထားသူလည်းဖြစ်ပါတယ်။ လာမယ့်မတ်လအတွင်းမှာ အသက် ၃၅ နှစ်အရွယ်ပြည့်တော့မှာဖြစ်ပေမယ့် သူ့ကိုခေါ်ယူချင်တဲ့ ထိပ်သီးကလပ်တွေရှိနေဆဲဖြစ်ပြီး ဂျူဗင်တပ်စ်၊ တော့တင်ဟမ်နဲ့ မန်ချက်စတာယူနိုက်တက်တို့က သတင်းထွက်နေပါတယ်။ 

ကစားသမားအနေနဲ့ နှစ်သက်ရာကလပ်အသင်းနဲ့ အကြိုသဘောတူညီမှုကိုလည်း ရယူနိုင်မှာလည်းဖြစ်ပြီး ရီးရဲလ်ဘက်က အခုချိန်ထိ ကမ်းလှမ်းမှုမရှိသေးတာဟာ ကစားသမားကို ထွက်ခွာခွင့်ပြုဖို့ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ အသက်အရွယ်ထောက်လာပြီဖြစ်ပေမယ့်လည်း ရာမို့စ်ဟာ ခံစစ်မှူးကောင်းတစ်ဦးအဖြစ် ကစားနိုင်နေဆဲဖြစ်ကာ အသင်းတွင်းမှာလည်း သြဇာကြီးမားနေဆဲဖြစ်ပါတယ်။ 

တကယ်လို့ ရီးရဲလ်က အမှန်တကယ်လက်လွှတ်ခံမယ်ဆိုရင်တော့ ဒါဟာ ရော်နယ်ဒိုထွက်ခွာခဲ့ပြီးနောက်ပိုင်း အသင်းအတွက် တန်ဖိုးအရှိဆုံးကစားသမားနောက်ထပ်တစ်ဦးကို ဆုံးရှုံးရမှုဖြစ်လာမှာပါ။ ရီနီရာမို့စ်ကတော့ သူ့ရဲ့ကစားသမားအတွက် ကလပ်အသင်းသစ်ရှာဖွေမှုတွေ ပြုလုပ်သွားမယ်လို့ သတိပေးထားပြီး ရီးရဲလ်ဘက်က ကမ်းလှမ်းမှုကိုလည်း စောင့်မျှော်နေကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


Author


က္က