အိုလ်ဇေးမှာ ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ ကော်ဖီဆိုင် ရှိပါတယ်။

အသင်းရဲ့ အော်ဒီကွင်းကြီးထဲမှာ အိုလ်ဇေးရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြစ်တဲ့ 39 Steps Coffeeဆိုင်ကိုပါ ဖွင့်ခွင့် ပေးပြီး ကမ်းလှမ်းလိုက်တာပါ။

Football.londonသတင်းဌာနရဲ့ ဖော်ပြချက်အရ အိုလ်ဇေးဟာ မေဂျာလိဂ်ကလပ် DCယူနိုက်တက်အသင်းနဲ့ တရားဝင် ညှိနှိုင်းဆောင်ရွက်နေပြီလို့ သိရပါတယ်။



DCယူနိုက်တက်အသင်းဟာ အိုလ်ဇေးကို ကမ်းလှမ်းမှုထဲမှာ လစာအပြင် အခြား စိတ်ဝင်စားဖွယ်ရာ ကမ်းလှမ်းမှု တစ်ခုအဖြစ် ကော်ဖီဆိုင်ကိုပါ ထည့်သွင်းပေးထားပါတယ်။

ဒါကတော့ အိုလ်ဇေးရဲ့ M10 နာမည်ကို ပိုမို ပျံ့နှံ့စေမယ့် 39 Steps Coffeeဆိုင်ကို ကွင်းအတွင်း ဖွင့်ခွင့်ပြုခြင်း ဖြစ်ပါတယ်။

အိုလ်ဇေးကတော့ ယခုနှစ်ရာသီအကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းပြည့်မှာဖြစ်ပြီး လက်ရှိမှာ လည်း အသင်းလူစာရင်းမှာပင် မပါဝင်ကာ လေ့ကျင့်ခန်းလည်း အသင်းနှင့်အတူ မပြုလုပ်နိုင်တာ ရက်သတ္တ ပတ်အတော်လေး ကြာနေပါပြီ။

DC ယူနိုက်တက်အသင်းဟာ အိုလ်ဇေးရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြစ်တဲ့ 39 Steps Coffeeဆိုင်ကို သူတို့ရဲ့ အော်ဒီကွင်းကြီးထဲမှာ ဖွင့်လှစ်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

အိုလ်ဇေးရဲ့ အေးဂျင့်နဲ့ DCယူနိုက်တက်အသင်းတို့ဟာ လက်ရှိအချိန်မှာ ဆွေးနွေးနေပြီး အိုလ်ဇေးရဲ့ အေးဂျင့်ဟာ ၂၀၁၈ခုနှစ်တုန်းက အဲဗာတန်ကနေ DCယူနိုက်တက်ကို ဝိန်းရွန်နီပြောင်းရွှေ့လာဖို့ အဓိက အရေးပါခဲ့ဖူးသူလည်း ဖြစ်နေပါတယ်။

အိုလ်ဇေးကို အာဆင်နယ်အသင်းအနေနဲ့ ၂၀၁၃ခုနှစ်က ပေါင် ၄၂.၅သန်းနဲ့ ရီးရဲအသင်းထံကနေ ခေါ်ယူခဲ့တာ ဖြစ် ပြီး နည်းပြ အာစင်ဝင်းဂါးလက်ထက် ၄နှစ်အတွင်းမှာ အက်ဖ်အေဖလား ၃ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အာဆင်နယ်အတွက် နောက်ဆုံးပါဝင်ကစားပေးထားနိုင်တာကတော့ မတ်လ ၇ရက်နေ့တုန်းကဝက်စ်ဟမ်းကို ၁-၀နဲ့ နိုင်တဲ့ပွဲဖြစ်ပြီး အဲ့ပွဲပြီးနောက် ကိုဗစ်ဖြစ်လို့ ပွဲတွေ ရပ်နားခဲ့ချိန်မှစပြီး မပါဝင်နိုင်တော့တာပါ။

Share

Loading Next Article...
က္က