ရာသီကုန်မှာ အလွတ်ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။
Pyae Phyo Thein

ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ် နဲ့ မာတစ်တို့ ကာလရှည်အနားယူနေရချိန်မှာ လီဗာပူးလ်ဟာ ဖာဘင်ဟိုနဲပ ဟန်ဒါဆန်ကို ဗဟိုခံစစ်မှာထားရှိအသုံးပြုနေခဲ့ရပါတယ်။ 


အဓိကနောက်ခံကစားသမားတွေ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ရလဒ်တွေပါ ကျဆင်းလာခဲဲ့တဲ့ လီဗာပူးလ်အသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် နောက်ခံလူ ရာမို့စ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ် နဲ့ မာတစ်တို့ ကာလရှည်အနားယူနေရချိန်မှာ လီဗာပူးလ်ဟာ ဖာဘင်ဟိုနဲပ ဟန်ဒါဆန်ကို ဗဟိုခံစစ်မှာထားရှိအသုံးပြုနေခဲ့ရပါတယ်။ 

ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး အမှတ်ပေးဇယားမှာ ယူနိုက်တက်နဲ့ပူးတွဲရပ်တည်နေခဲ့တဲ့ လီဗာပူးလ်ဟာ ခံစစ်ပိုင်းအတွက် ရာမို့စ်ကို စောင့်ကြည့်နေတယ်လို့ El Chiringuito က ဖော်ပြခဲ့ပါတယ်။ ရာမို့စ်ကတော့ ရာသီကုန်မှာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်မချုပ်ဆိုရသေးတာကြောင့် အသင်းကထွက်ခွာဖို့ နိးစပ်နေပါတယ်။

လာလီဂါပြင်ပက နှစ်သက်ရာအသင်းတွေနဲ့ အကြိုသဘောတူညီမှုကို ရယူထားနိုင်မယ့် အခြေအနေမှာ ရာမို့စ်ကို ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ လီဗာပူးလ်ကတော့ သူတို့အသင်းခံစစ်အတွက် အတွေ့အကြုံရင့်ကျက်ပြီး ခေါင်းဆောင်မှုစွမ်းရည်လည်းပြည့်ဝတဲ့ ရာမို့စ်ကို ခေါ်ယူကာ ဗန်ဒိုက်နဲ့ တွဲဖက်ပေးဖို့ ကြံစည်ဖွယ်ရှိနေပါတယ်။ 

ရာမို့စ်ကတော့ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်တိုက်စစ်မှူးမိုဟာမက်ဆာလာကို အငြင်းပွားဖွယ်ရာ ပြစ်ဒဏ်ကျူးလွန်ခဲ့သူဖြစ်ပါတယ်။ ရာမို့စ်ရဲ့ ဆွဲလှဲမှုနဲ့အတူ ဆာလာဟာ လက်မောင်းဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ဆက်မကစားနိုင်ခဲ့တော့သလို ခွဲစိတ်ကုသမှုတွေကိုပါခံယူခဲ့ရပြီး ရာမို့စ်ကလည်း လီဗာပူးလ်ပရိသတ်တွေရဲ့ ရန်သူတော်ဖြစ်ခဲ့ရပါတယ်။ 

အသက် ၃၄ နှစ်အရွယ် စပိန်နောက်ခံလူဟာ အကောင်းဆုံးပုံစံမှာ ကစားနေဆဲဖြစ်ပြီး လီဗာပူးလ်ကိုသာ အမှန်တကယ်ရောက်ရှိခဲ့မယ်ဆိုရင် ကလော့ပ်အတွက် အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်လာမှာတော့ သေချာပါတယ်။ 


Author


က္က