ဘဏ္ဍာရေး အခက်အခဲအချို့ကြောင့် လစာမြင့်ကစားသမားအချို့နဲ့ လမ်းခွဲရဖို့ရှိနေပါတယ်။
Kyaw Ko Ko Sint

ဆွန်အပါအဝင် ကိန်းကိုပါ ရီးရဲအသင်းက ပစ်မှတ်ထားနေပေမယ့် ဘဏ္ဍာရေး အခက်အခဲကြောင့် အသင်းမှ စာချုပ်ပြည့်မယ့် ကစားသမားအချို့နဲ့ ရောင်းထုတ်မယ့် ကစားသမားအချို့တော့ ရှိလာလိမ့်မယ်လို့ သိရပါတယ်။

စပါးအသင်းရဲ့ တောင်ကိုရီးယား တိုက်စစ်မှူးကို ရီးရဲ နည်းပြ ဇီဒန်းက ခေါ်ယူချင်နေပြီး ခေါ်ယူပေးဖို့ အတွက် လည်း ကလပ်အသင်းကို တောင်းဆိုထားတယ်လို့ သိရပါတယ်။



DefensaCentral ရဲ့ ဖော်ပြချက်အရ ဇီဒန်းအနေနဲ့ ကလပ်အသင်းကိုတောင်းဆိုရာမှာ ဆွန်ဟောင်မင်ကိုရဖို့ ယူရို သန်း ၁၀၀ထက်မနည်းသုံးရမယ်လိုလည်း ခေါ်ယူသင့်တယ်လို့ ထောက်ခံထားကြောင်းလည်း သိရပါတယ်။

ဆွန်ကတော့ ယခုနှစ်မှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၂၅ပွဲကစားပေးအပြီးမှာ ၁၆ဂိုးသွင်းပြီး ၈ဂိုးဖန်တီးပေးထား နိုင်ပါတယ်။

အခြားကလပ်အသင်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ လာတဲ့ သတင်းအရလည်း ရီးရဲဟာ ဆွန်ဟောင်မင်တစ်ဦးတည်း သာ မက တိုက်စစ်မှူး ကိန်းကိုပါ လိုချင်နေတာလို့သိရပါသေးတယ်။

အဓိကကတော့ ရီးရဲအနေနဲ့ ဘတ်ပေနဲ့ ဆာလာတို့ကို ခေါ်ယူနိုင်မယ်လို့ နည်းပြ ဇီဒန်းကို အာမမခံနိုင်တော့တဲ့ အနေအထားမှာ ရှိနေတာကြောင့် ဆွန်နဲ့ကိန်း နှစ်ဦးကို အစားထိုးခေါ်ယူပေးဖို့ ရှိနေတာပါ။

ဒါပေမယ့်လည်း အာရှသားတစ်ယောက်ကို ယူရို သန်း ၁၀၀လောက်ပေးပြီး ခေါ်ယူဖို့အတွက်ကိုမူ အသင်းဥက္ကဌ ပီ ရက်ဇ်အတွက် အနည်းငယ် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲ ရှိနေနိုင်ပါတယ်။

ဒါကြောင့် ကိုဗစ်ရိုက်ခတ်မှုလည်း ရှိနေလို့ ကလပ်အသင်းမှာရှိတဲ့ အရောင်းစာရင်းထဲမှ ကစားသမားအချို့ ရောင်းထွက်ဖို့ရယ် စာချုပ်သက်တမ်းပြည့်မယ့် ကစားသမားတွေကို ‌စောင့်ဖို့တော့ လုပ်ဆောင်လိမ့်မယ်လို့ လည်း သိရပါသေးတယ်။

စပါးအသင်းကတော့ ဆွန်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀လောက်ရမယ်ဆိုရင် စဥ်းစားနေဖွယ်မရှိပဲ ရောင်းချဖွယ်ရှိနေတယ်လို့လည်းသတင်းတွေက သုံးသပ်နေပါတယ်။

ရီးရဲအသင်းကတော့ အရင်ကတည်းက စပါးကစားသမားတွေကို စျေးကွက်တစ်ခုသဖွယ်စောင့်ကြည့်ခေါ်ယူမှုတွေ ရှိခဲ့ပြီး အနီးစပ်ဆုံးအနေနဲ့ဗန်ဒါဗတ်၊မိုဒရစ်၊ဘေးလ်စတဲ့ ခြေစွမ်းမြင့်ကစားသမားတွေကို ခေါ်ယူခဲ့ဖူးပါတယ်။


Author

  • Kyaw Ko Ko Sint

    Content Editor/Reporter


က္က