လက်ရှိအသင်းမှာပဲဆက်ကစားမယ်လို့ ပြောသွားခဲ့ပါတယ်။
Pyae Phyo Thein

ကွာဂလီရယ်လာဟာ ဂျူဗီမှာ ၂၀၁၀ ကနေ ၂၀၁၄ အထိ ၄ နှစ်ကြာကစားပေးခဲ့ပြိး ၁၀၂ ပွဲမှာ ဂိုးပေါင်း ၃၀ အထိ သွင်းယူပေးခဲ့ပြီး ကာလတစ်ခုကြာ တောက်ပခဲ့ပါတယ်။ 


ဂျူဗင်တပ်စ်အသင်းက သူ့ကိုစိတ်ဝင်စားနေပေမယ့်လည်း လက်ရှိအသင်းမှာပဲ ဆက်လက်ကစားသွားမယ်လို့ ဆမ်ဒိုရီးယားတိုက်စစ်မှူးကွာဂလီရယ်လာက သူ့ရဲ့လူမှုကွန်ရက်ကတဆင့် ပြောဆိုလိုက်ပါတယ်။ အသက် ၃၇ နှစ်အရွယ် အီတလီတိုက်စစ်မှူးကြီးကို ဂျူဗီနည်းပြပီယာလိုက အလိုရှိနေပြီး အသင်းကို တင်ပြထားတယ်လို့လည်း သိရပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ ပီယာလိုက ဗဟိုတိုက်စစ်မှူးတစ်ဦးကို အလိုရှိနေပြီး သူနဲ့အတူ ဂျူဗီမှာအသင်းဖော်တွေဖြစ်ခဲ့တဲ့ ကွာဂလီရယ်လာကို ပစ်မှတ်ထားခဲ့တာလို့ သိရပါတယ်။ ကွာဂလီရယ်လာဟာ ဂျူဗီမှာ ၂၀၁၀ ကနေ ၂၀၁၄ အထိ ၄ နှစ်ကြာကစားပေးခဲ့ပြိး ၁၀၂ ပွဲမှာ ဂိုးပေါင်း ၃၀ အထိ သွင်းယူပေးခဲ့ပြီး ကာလတစ်ခုကြာ တောက်ပခဲ့ပါတယ်။ 

ဆမ်ဒိုရီးယားနဲ့အတူ ၂၀၁၈ က စီးရီးအေရွှေဖိနပ်ဆုကို ဆွတ်ခူးနို်င်ခဲ့သလို ဒီရာသီမှာလည်း အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ၇ ဂိုးသွင်းယူကာ ဂွာဂလီရယ်လာက ရပ်တည်နေခဲ့ပါတယ်။ ဂျူဗင်တပ်စ်က သူ့ကိုစိတ်ဝင်စားနေတယ်လို့ အသံထွက်လာချိန်မှာပဲ ကွာဂလီရယ်လာက သူ့ရဲ့အင်စတာဂရမ်ကတဆင့် လက်ရှိအသင်းမှာပဲ ကစားသွားမယ်လို့ ရေးသားပြောဆိုသွားခဲ့ပါတယ်။ 

"ကိုယ်ပေးနိုင်တာထက် ပိုပြီးတော့ ပြန်ရခဲ့မယ်ဆိုရင်၊ နှလုံးသားထဲကနေ စိတ်လှုပ်ရှားမှုကို အချိန်တိုင်းခံစားနေရခဲ့မယ်ဆိုရင် အဲဒါက မင်းကို အခြားအရာတွေအားလုံးထက်ပိုပြီး ချည်နှောင်ထားပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ၊ ကျွန်တော်ကတော့ ဒီအသင်းမှာ အဲဒီလိုမျိုးနေထိုင်ကစားနေရတယ်လို့ ခံစားမိပါတယ်" လို့ ကွာဂလီရယ်လာက ရေးသားခဲ့ပြီး ဆမ်ဒိုရီးယားမှာပဲ သူဆက်ရှိနေမယ်လို့ အခိုင်အမာဆိုသွားခဲ့ပါတယ်။ 

အီတလီတိုက်စစ်မှူးကြီးဟာ ဂျူဗီကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ရော်နယ်ဒို၊ ဒီဘာလာ၊ မိုရာတာတို့နဲ့ အသင်းဖော်တွေအဖြစ် ကစားခွင့်ရရှိမှာဖြစ်ပေမယ့် အဆိုပါအခွင့်အရေးကို ပယ်ချခဲ့တာဖြစ်ပါတယ်။ ဆမ်ဒိုရီးယားအတွက် ၆ ရာသီမြောက်အဖြစ် ကစားပေးနေတဲ့ ကွာဂလီရယ်လာဟာ စီးရီးအေကို ရော်နယ်ဒို ပထမဆုံးခြေချတဲ့ရာသီမှာပဲ အနိုင်ယူပြခဲ့သူလည်းဖြစ်ပါတယ်။ 


Author


က္က