နှစ်ဦးစလုံး လာမယ့်နွေရာသီမှာ စာချုပ်ပြည့်မယ်လို့ သိရပါတယ်။

နှစ်ဦးစလုံး ယခုနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် တစ်ပွဲမျှ ပါဝင်ကစားပေးထားနိုင်ခြင်း မရှိပဲ လာမယ့် နွေရာသီမှာဆိုရင်တော့ စာချုပ်သက်တမ်းတွေကိုယ်စီပြည့်တော့မှာပါ။

ယခု ဇန်နဝါရီစျေးကွက်မှာ အသင်းမှ ကစားသမား ၂ဦးကို အရောင်းစာရင်း တင်ထားပြီးပြီလို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အတည်ပြု ပြောလာပါတယ်။



အဆိုပါ ကစားသမား နှစ်ဦးကတော့ နောက်ခံလူ ရိုဂျိုနဲ့ ဂိုးမားရိုမီယိုတို့ဖြစ်ပြီး အပြီးသတ်ရောင်းထုတ်ဖို့ စီစဥ်ထား တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကတော့ ဂိုးသမား ရိုမီယိုကို အဲဗာတန်အသင်းက စိတ်ဝင်စားခဲ့ပေမယ့် ယူနိုက် တက်က ထွက်ခွာခွင့်မပေးခဲ့ပဲ ရိုဂျိုကတော့ မနှစ်က အာဂျင်တီးနားကလပ်အသင်းတစ်သင်းကို အငှားချ ထားတာ ပါ။

နှစ်ဦးစလုံးရဲ့ စာချုပ်သက်တမ်းတွေကတော့ လာမယ့် နွေရာသီအထိ ကျန်ရှိနေသေးပြီး စာချုပ်သစ် မချုပ်တော့ ဘူးလို့ ဆိုးလ်ရှားက အတည်ပြုလိုက်တာပါ။

“အသင်းသစ်ရှာဖို့ ခွင့်ပေးလိုက်ပါပြီ။မားကို့စ်ကတော့ လက်ရှိ အာဂျင်တီးနားရောက်နေပြီးသူ့အနေနဲ့ အဲ့မှာပဲ ဆက်လက်ကျင်လည်ဖို့များပါတယ်။အခုတော့ အင်္ဂလန်ကို သူလာနေရပါမယ်။အသင်းနဲ့မပူးပေါင်းခင်တော့ ကွာရန်တင်းအရင်ဝင်ပေးရပါဦးမယ်။”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

ရိုမီယိုရောရိုဂျိုပါ ယခုနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် တစ်ပွဲမျှ ပါဝင်ကစားပေးထားနိုင်ခြင်း မရှိကြ သေးပါဘူး။

တဆက်တည်းမှာပဲ အသင်းရဲ့ တိုက်စစ်မှူး အီဂါလိုအနေနဲ့လည်း လာမယ့် ဝက်ဖို့ဒ်နဲ့ ကစားမယ့် အက်ဖ်အေဖ လား တတိယအဆင့်ပွဲစဥ်မှာ ပါဝင်ကစားမယ်လို့ ဆိုးလ်ရှားက အတည်ပြုပေးပါသေးတယ်။

“လေ့ကျင့်ရေး အကောင်းဆုံး ဖြစ်နေပါတယ်၊ဘယ်နှစ်ဂိုးသွင်းနိုင်မလဲ မသိပေမယ့် လေ့ကျင့်ရေးကွင်းမှာဆိုရင် တော့ အတော်လေး လုပ်ပြထားနိုင်ပါတယ်။ဒါကြောင့် သူ့ရဲ့ ပုံစံကောင်းကို အမြန်ဆုံး ပြသနိုင်မှာပါ။”လို့ ဆိုးလ် ရှားက ဆက်လက်ပြောပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ အခြားသော လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဖိုဆူမန်ဆာကိုလည်း ယခု အပြောင်း အရွှေ့ကာလမှာ အလွတ်ထွက်ခွာခွင့်ပြုရပြီလို့ သိရပါသေးတယ်။

ယူနိုက်တက်အသင်းကတော့ ဝက်ဖို့ဒ်အသင်းနဲ့ ယနေ့ည(တနင်္ဂနွေ မနက်)မြန်မာစံတော်ချိန် ၂နာရီခွဲမှာ အက်ဖ် အေဖလားတတိယအဆင့်ပွဲစဥ်အဖြစ် ယှဥ်ပြိုင်ကစားရပါမယ်။

Share

Loading Next Article...
က္က