နိုက်စ်ကို အငှားနဲ့ လက်ကျန်ရာသီမှာ ထွက်ကစားဖို့ ပြင်ဆင်ပေးနေပြီလို့ သိရပါတယ်။
Kyaw Ko Ko Sint

ယခုနှစ်ရာသီမှာ လိဂ်ပွဲလုံးဝ မပါဝင်ထားနိုင်ပဲ ကာရာဘောင်နဲ့အက်ဖ်အေနှစ်ခုပေါင်းမှ ၃ပွဲသာ ပါဝင်ထားနိုင် သေးသော်လည်း လင်ဂတ်ဟာ တစ်ချိန်ချိန်မှာ ယူနိုက်တက်အတွက် အရေးပါလာမယ်လို့ ဆိုးလ်ရှားက ယုံကြည် နေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခု ဇန်နဝါရီစျေးကွက်မှာ အသင်းရဲ့ အင်္ဂလန် ကစားသမား လင်ဂတ်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပေမယ့် နည်းပြချုပ် ဆိုးလ်ရှားကတော့ မရောင်းသေးဖို့ တားမြစ်ထားတယ်လို့ သိရပါ တယ်။



အသက် ၂၈နှစ်အရွယ်လင်ဂတ်ဟာ ယခုနှစ်ရာသီမှာ ယူနိုက်တက်အသင်းအတွက် လိဂ်ပွဲလုံးဝ မကစားပေးထားရ သလို ကာရာဘောင်နဲ့ အက်ဖ်အေဖလား နှစ်ခုပေါင်းမှလည်း ၃ပွဲသာ ပါဝင်ပေးထားနိုင်တာပါ။

ထွက်ပေါ်လာတဲ့သတင်းတွေအရ လင်ဂတ်ဟာ လက်ကျန်ရာသီကို အငှားစာချုပ်နဲ့ ပြင်သစ်ကလပ် နိုက်စ်အသင်း မှာသွားကစားဖို့ထိ လုပ်ဆောင်နေပြီလို့လည်း သိရပါတယ်။

ဒါ့အပြင် အက်စတန်ဗီလာ၊နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းအသင်းတို့ကလည်း လင်ဂတ်ကို ခေါ်ယူရန် စိတ်ဝင်စားနေ ကြတယ်လို့သိရပါတယ်။

ဒီအချိန်မှာတော့ ယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားရဲ့ ‌တောင်းဆိုချက်အရ လင်ဂတ်ကို ယခုလ စျေးကွက် မှာ အသင်းကနေ ရောင်းထုတ်ဖို့ စီစဥ်တော့မှာ မဟုတ်ဘူးလို့လည်း The Telegraph သတင်းဌာနက ဖော်ပြလာပါ တယ်။

ဆိုးလ်ရှားက လင်ဂတ်အနေနဲ့ လက်ရှိမှာအသင်းနဲ့ ကစားခွင့်နည်းပါးနေသေးပေမယ့်လည်း တစ်ချိန်ချိန်မှာ အသုံး ဝင်လာမယ်လို့ ယုံကြည်နေတာပါ။

“လေ့ကျင့်ရေးမှာ သူ အပြင်းအထန် အမြဲတမ်း လေ့ကျင့်ပါတယ်၊ကိုဗစ်ကြောင့် အချိန်တစ်ခုလောက် သီးသန့် နေခဲ့ရတယ်ဆိုပေမယ့် အမြဲတမ်းတော့ သီးသန့် ဖြစ်မနေပါဘူး။”လို့ ဆိုးလ်ရှားက လင်ဂတ်နဲ့ပတ်သက်ပြီး ပြောထားပါသေးတယ်။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ ရမှတ် ၃၆မှတ်နှင့်အတူ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။


Author

  • Kyaw Ko Ko Sint

    Content Editor/Reporter


က္က