ကင်ရဲ့ တရုတ်ကလပ်ကလည်း ရောင်းဖို့ အစီအစဥ်ရှိနေပါတယ်။
Kyaw Ko Ko Sint

စပါးအသင်းအတွက် ဒုတိယမြောက် တောင်ကိုရီးယားကစားသမားကို အရယူနိုင်မလား ချဲလ်ဆီးအသင်းကပဲ လက်ဦးမှုရယူပြီး အာရှစျေးကွက်ကို ထိုးဖောက်သွားနိုင်မလား စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာပါ။

စပါးအသင်းဟာ တောင်ကိုရီးယားလက်ရွေးစင်နောက်ခံလူ ကင်မင်ဂျေးကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ Daily Mail ကဖော်ပြလာပါတယ်။



စပါးအသင်းဟာ လက်ရှိအသင်းမှာ တောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟောင်မင်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သလို နောက်ခံလူကို ထပ်မံ ခေါ်ယူဖို့ စိတ်ဝင်စားနေချိန်မှာတော့ အဓိက ယှဥ်ပြိုင်ရမယ့်အသင်းက လန်ဒန်ပြိုင်ဖက် ချဲလ်ဆီး အသင်းဖြစ်ပါတယ်။

စပါးအသင်းအနေနဲ့ အဓိက ခေါ်ယူချင်ရတဲ့ အကြောင်းအရင်းမှာ ဗာတွန်ဂန်ရဲ့ နေရာမှာ အစားထိုးဖို့ဖြစ်ပြီး မနှစ်က နွေရာသီကတည်းက စိတ်ဝင်စားနေခဲ့တာလို့သိရပါတယ်။

ကင်မင်ဂျေး လက်ရှိကစားနေတဲ့ ဘေဂျင်းဂူအမ်အသင်းကလည်း ၂၀၂၁ခုနှစ်အကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံး မယ့် ၎င်းတို့ကစားသမားကို ရောင်းထုတ်ဖို့ စိတ်ဝင်စားနေပါတယ်။

စပါးနည်းပြ မော်ရင်ဟိုကတော့ ပြီးခဲ့တဲ့ ဖူဟမ်နဲ့ ကစားခဲ့တဲ့ပွဲမှာ သရေကျခဲ့အပြီးမှာကစားသမားတွေကို ပြစ်တင် ဝေဖန်ထားပါတယ်။

“၃ကြိမ်ကနေ ၄ကြိမ်လောက်အထိ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ဒုတိယပိုင်းမှာ ကစား သမားတွေပိုကြိုးစားခဲ့ပေမယ့် ပွဲကို အနိုင်မပိုင်းနိုင်တာက အသိသာကြီးပါ။ဒါကြောင့်ပဲ အမှတ်တွေ ဆုံးရှုံးလိုက်ရ တာပါ။”လို့ မော်ရင်ဟိုက ပြောထားပါတယ်။

တစ်ဦးချင်း စွမ်းရည်နဲ့ တစ်ဦးချင်း အမှားတွေကတဆင့် အခုလို အမှတ်ဆုံးရှုံးရတဲ့အထိ ဖြစ်ခဲ့ရတာထက် ပိုပြီး မပြောပြတတ်ဘူးလို့လည်း မော်ရင်ဟိုကဆိုပါတယ်။

ဒါကြောင့် နောက်တန်းမှာ အသက် အရွယ်ရနေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံနောက်ခံလူ ဗာတွန်ဂန်နေရာ အစားထိုးဖို့ အတွက် တောင်ကိုရီးယား လက်ရွေးစင် နောက်ခံလူကို စိတ်ဝင်စားလာတာပါ။

အဆိုပါ တောင်ကိုရီးယားနောက်ခံလူမှာ နဂါးတစ်ကောင်နဲ့ တင်စားခံထားရတဲ့ အရပ်အမြင့် ၆ပေ၄လက်မအထိ မြင့်ပြီး ဥရောပတန်းဝင်တဲ့ နောက်ခံလူတစ်ဦးဖြစ်ပါတယ်။

၁၉၉၆ခုနှစ်ဖွားကင်ဟာ လက်ရှိမှာ အသက် ၂၄နှစ်သာရှိသေးပြီး တောင်ကိုရီးယားလက်ရွေးစင်အသင်းအတွက် ၂၀၁၇ခုနှစ်ကတည်းက ပါဝင်ကစားပေးထားနိုင်သူပါ။


Author


က္က