လာမယ့်နွေရာသီမှာ ပြောင်းရွှေ့မှာဖြစ်ပါတယ်။
Pyae Phyo Thein

သြစတြေးလျနောက်ခံလူကို ဘိုင်ယန်မြူးနစ်က စာချုပ်သစ်ချုပ်ဆိုချင်ပေမယ့် ကစားသမားဘက်က တောင်းဆိုတဲ့ လုပ်ခလစာကို ပေးချေဖို့ တွန့်ဆုတ်နေခဲ့လို့ အလွတ်ထွက်ခွာခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။ 


ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူဒေးဗစ်အလာဘာဟာ လာမယ့်ရာသီမှာ ရိးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ စပိန်သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ လာမယ့်နွေရာသီမှာ အလာဘာက ပြောင်းရွှေ့တော့မှာဖြစ်ပြီး အလွတ်ခေါ်ယူဖို့ ကြိုတင်သဘောတူညီမှုကို ရယူထားနိုင်ခဲ့တာလို့ သိရပါတယ်။ 

အလာဘာဟာ ရီးရဲလ်မက်ဒရစ်နဲ့ လေးနှစ်စာချုပ်ချုပ်ဆိုမယ်လို့ သိရပြီး တစ်နှစ်လုပ်ခ ယူရို ၁၁ သန်းအထိ ခံစားခွင့်ရရှိမယ်လို့လည်း ဆိုပါတယ်။ သြစတြေးလျနောက်ခံလူကို ဘိုင်ယန်မြူးနစ်က စာချုပ်သစ်ချုပ်ဆိုချင်ပေမယ့် ကစားသမားဘက်က တောင်းဆိုတဲ့ လုပ်ခလစာကို ပေးချေဖို့ တွန့်ဆုတ်နေခဲ့လို့ အလွတ်ထွက်ခွာခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။ 


အလာဘာကို ခေါ်ယူဖို့ ဥရောပထိပ်သီးကလပ်အများအပြားကလည်း စိတ်ဝင်စားနေလို့ ရီးရဲလ်ဟာ အမြန်ဆုံးသဘောတူညီမှုရဖို့ အားထုတ်ခဲ့ကြောင်း ဆိုပါတယ်။ ကစားသမားကလည်း ဘာနေဗျူးကလပ်နဲ့ ဆေးစစ်မှုတောင် ပြုလုပ်ခဲ့တယ်လို့ သိရပြီး အသက် ၂၈ နှစ်အရွယ် နောက်ခံလူကို ရီးရဲလ်မက်ဒရစ်မှာ သေချာပေါက်မြင်တွေ့ရတော့မှာလည်းဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်မှာ ဗဟိုနောက်ခံလူအဖြစ်နဲ့ရော၊ ဘယ်အစွန်ခံစစ်လူအဖြစ်နဲ့ပါ အလာဘာက ခြေစွမ်းပြနေခဲ့ပြီး ထိပ်တန်းအဆင့်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ တိုက်စစ်ကို လိုက်ပါမှုအားကောင်းတဲ့ ဒီကစားသမားဟာ ဆာဂျီယိုရာမို့စ် နဲ့ မာဆယ်လိုတို့ရဲ့နေရာတွေကို ဖြည့်ကစားပေးနိုင်စွမ်းရှိတာကြောင့် ဇီဒန်းအတွက် အသုံးတည့်မယ့် ဝှက်ဖဲတစ်ချပ်ဖြစ်လာတော့မှာလည်းဖြစ်ပါတယ်။ 


Author


က္က