အက်စ်ပန်ညိုနည်းပြအဖြစ်နဲ့ ပိုချက်တီနို ကိုင်တွယ်ခဲ့စဉ်ကဖြစ်ပြီး အခုလိုပြန်လည်ပြောဆိုခဲ့မှုဟာ မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတာကိုလည်း အတည်ပြုသလိုဖြစ်ခဲ့ပါတယ်။
ဘာစီလိုနာတိုက်စစ်မှူးမက်ဆီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီနည်းပြပိုချက်တီနိုက အာဂျင်တီးနားကြယ်ပွင့်ဟာ အက်စ်ပန်ညိုအသင်းကို အငှားနဲ့ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးတယ်လို့ ပြောဆိုလိုက်ပါတယ်။ အက်စ်ပန်ညိုနည်းပြအဖြစ်နဲ့ ပိုချက်တီနို ကိုင်တွယ်ခဲ့စဉ်ကဖြစ်ပြီး အခုလိုပြန်လည်ပြောဆိုခဲ့မှုဟာ မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတာကိုလည်း အတည်ပြုသလိုဖြစ်ခဲ့ပါတယ်။
"မက်ဆီက ပီအက်စ်ဂျီကို လာမှာလားဆိုရင်တော့ ဘာမှတ်ချက်မှမပေးနိုင်ပါဘူး၊ ကျွန်တော် အက်စ်ပန်ညို နဲ့ ဆောက်သမ်တန်ကို ကိုင်တွယ်တုန်းကတော့ အကောင်းဆုံးကစားသမားတွေကို ခေါ်ယူဖို့ အိပ်မက်မက်ခဲ့ဖူးပါတယ်၊ မက်ဆီက အက်စ်ပန်ညိုကို ရောက်လာဖို့ နီးစပ်ခဲ့ဖူးပါတယ်" လို့ စပါးနည်းပြဟောင်းက El Larguero ကို ပြောဆိုခဲ့ပါတယ်။
"အဲဒီတုန်းကဆို အကြိုဆွေးနွေးမှုတွေတောင်မှ ပြုလုပ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့်လည်း သူက ရာသီကြို ဂျိုအမ်ဂမ်ပါဖလားပွဲမှာ ခြေစွမ်းပြခဲ့တဲ့နောက် ဒီဆွေးနွေးမှုက ပျက်ပြယ်သွားခဲ့ပါတယ်၊ လန်ဒန် ဒါမှမဟုတ် အီတလီတို့မှာ ကျွန်တော်တို့ ဆုံခဲ့ဖူးပါတယ်၊ နယူးဝဲလ်အကြောင်းကို မျှဝေပြောဆိုခဲ့ဖူးပါတယ်၊ ကျွန်တော်ကတော့ ဝက်စ်ဟမ်းကနေ ဗယ်လာဒိုလစ်ထိ အသင်းတိုင်းကို စောင့်ကြည့်နေတာပါ"
"ဒီလိုကာလမှာက အသင်းတိုင်းကိုစောင့်ကြည့်ဖို့ လိုအပ်ပါတယ်၊ မက်ဆီအကြောင်းကို ကျွန်တော်မပြောချင်ပါဘူး၊ ဘာလို့လဲဆိုတော့ အရာရာတိုင်းက ပျက်ပြယ်သွားနိုင်လို့ပါ" လို့ ပိုချက်တီနိုက ပြောခဲ့ပါတယ်။ တကယ်လို့ မက်ဆီသာ ပီအက်စ်ဂျီကိုပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ နေမာ၊ ဘတ်ပီတို့နဲ့ တွဲဖက်ရမှာဖြစ်ပြီး ပိုချက်တီနိုအနေနဲ့ ဥရောပရဲ့အကောင်းဆုံးတိုက်စစ်အတွဲကို ဖန်တီးရယူနိုင်မှာလည်းဖြစ်ပါတယ်။