၂၀၁၈ခုနှစ်က အာဆင်နယ်ကိုပြောင်းလာပြီး ၆၉ပွဲကစား ၆ဂိုးသွင်းပေးခဲ့ပါတယ်။
Kyaw Ko Ko Sint

ယခုနှစ်မှာ အာဆင်နယ်အသင်းဟာ စာချုပ်ကျန်ရှိနေပေမယ့်လည်း အသင်းလူစာရင်းမှာ မပါဝင်တော့တဲ့ အိုလ်ဇေးနဲ့ ဆိုကရာတစ် နှစ်ဦးကို စာချုပ်ဖျက်သိမ်းပေးခဲ့ပြီ ဖြစ်ပါတယ်။

နည်းပြ အာတီတာဟာ အသက် ၃၂နှစ်အရွယ် နောက်ခံလူ ဆိုကရာတစ်ကို ယခုနှစ် အသင်းကစားနေတဲ့ ပရီးမီး ယားလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေရဲ့ လူစာရင်းမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။



ဆိုကရာတစ်ဟာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ယခုနှစ်ဘောလုံးရာသီကုန်မှသာ ပြည့်မှာ ဖြစ်ပေမယ့် လည်း အာဆင်နယ်အသင်းက စာချုပ်ဖျက်သိမ်းပေးလိုက်တာပါ။

လက်ကျန် သက်တမ်း ၆လလောက်ကျန်နေသေးပေမယ့်လည်း ဆိုကရာတစ်ဟာ အသင်းလူစာရင်းမှာ မပါဝင် တော့ အချည်းအနှီး အချိန်တွေကို ကုန်ဆုံးသွားရမှာပါ။

လက်ရှိမှာတော့ ဆိုကရာတစ်ဟာ အသင်းလက်မဲ့ ဖြစ်သွားပြီ ဖြစ်သလို မိမိစိတ်ကြိုက် ကလပ်အသင်းနဲ့လည်း လွတ်လပ်စွာ စာချုပ်သစ် ချုပ်ဆိုသွားနိုင်တော့မှာပါ။

“ပါပါရဲ့ အသင်းအတွက် ရပ်တည်ပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောချင်ပါ တယ်။”လို့အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူက ကျေးဇူးတင်စကား ဆိုပါတယ်။

ဆိုကရာတစ်ပါပါဆာသိုပူးလော့စ်ဟာ ၂၀၁၈ခုနှစ်က ဒေါ့မွန်အသင်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ လာပြီး အသင်းအတွက် စုစုပေါင်းပြိုင်ပွဲစုံ ၆၉ပွဲအထိ ပါဝင်ကစားပေးခဲ့ရာမှာ ၆ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ နောက်ခံလူ တစ်ဦးဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဆိုကရာတစ်နည်းတူ အသင်းလူစာရင်း မထည့်သွင်းထားတဲ့ အိုလ်ဇေးကိုလည်း လက်ကျန် စာချုပ်ကို ဖျက်သိမ်းက အသင်းက အပြီးတိုင် ထွက်ခွာခွင့်ပြုခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က