ဘတ်ပီက ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးနေပြီဖြစ်ပါတယ်။

ဘတ်ပီက သူ့အနေနဲ့ လက်ရှိကလပ်အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်တယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့တာဖြစ်ပြီး လာလီဂါထိပ်သီးကလပ်ကို စိတ်ပျက်စေခဲ့ပြီဖြစ်ပါတယ်။ 


ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးကိုင်လီယန်ဘတ်ပီရဲ့ ပြောဆိုမှုဟာ သူ့ကိုအလိုရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်တဲ့ ဟာလန်းကိုသာ ခေါ်ယူဖို့ အာရုံစိုက်သွားစေခဲ့ပြီဖြစ်ပါတယ်။ ဘတ်ပီက သူ့အနေနဲ့ လက်ရှိကလပ်အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်တယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့တာဖြစ်ပြီး လာလီဂါထိပ်သီးကလပ်ကို စိတ်ပျက်စေခဲ့ပြီဖြစ်ပါတယ်။ 

ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့ပြီး အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပြီးဖြစ်ပါတယ်။ ဘတ်ပီဘက်ကလည်း အသင်းမှာ အရမ်းပျော်ရွှင်နေတယ်လို့ ပြောဆိုခဲ့တာကြောင့် သူ့ကို ခေါ်ယူဖို့ စောင့်ဆိုင်းနေတဲ့ ရီးရဲလ်အတွက် အခွင့်အလမ်းက နည်းပါးသွားခဲ့ပြီဖြစ်ပါတယ်။ 

Telefoot Chaine နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘတ်ပီက "အသင်းနဲ့ ကျွန်တော်တို့စကားပြောနေပါတယ်၊ တကယ်လို့ ကျွန်တော်အသင်းနဲ့စာချုပ်သစ်ချုပ်ခဲ့မယ်ဆိုရင် အချိန်အကြာကြိးရှိနေတော့မှာပါ၊ ဒီမှာ ကျွန်တော်အရမ်းပျော်ရွှင်နေပါတယ်၊ ဒီမှာအမြဲတမ်းပျော်ရွှင်နေခဲ့တာပါ၊ ပရိသတ်တွေနဲ့ ကလပ်အသင်းကလည်း ကျွန်တော့်ကို ကူညီခဲ့ကြပါတယ်"

"ဒီအတွက်လည်း ကျွန်တော့်ဘက်က အမြဲတမ်းကျေးဇူးတင်နေရတာပါ၊ လာမယ့်နှစ်တွေမှာ ကျွန်တော်ဘာလုပ်ချင်လဲဆိုတာကို စဉ်းစားချင်ပါတယ်၊ ကျွန်တော်ဘယ်ကိုသွားချင်လဲဆိုတာကိုလည်း စဉ်းစားချင်တယ်၊ အခုလည်း အဲဒီအကြောင်းကိုပဲ စဉ်းစားနေတာပါ" လို့ ဆိုခဲ့တာဖြစ်လို့ ရီးရဲလ်အတွက်တော့ မျှော်လင့်ချက်က နည်းပါးခဲ့ရပြီဖြစ်ပါတယ်။

Daily Express ရဲ့ ဖော်ပြချက်အရဆိုရင်တော့ ရီးရဲလ်ဟာ ဘတ်ပီကို မခေါ်ယူနိုင်ပါက အစားထိုးခေါ်ယူမှုအဖြစ် ဟာလန်းကို ပစ်မှတ်ထားရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ဒေါ့မွန်နဲ့ လျော်ကြေးယူရို ၇၅သန်းရှိတဲ့ စာချုပ်ကိုချုပ်ဆိုထားပြီး လာမယ့်နှစ်မှသာ အဆိုပါတန်ဖိုးက နည်းပါးသွားမှာဖြစ်လို့ ချက်ချင်းခေါ်ယူမလား၊ အချိန်စောင့်ဆိုင်းသွားမလားဆိုတာကို ရီးရဲလ်ဘက်က ရွေးချယ်ရမှာဖြစ်ပါတယ်။ 



က္က