ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ကစားသမားအတွက် စာချုပ်ပါလျော်ကြေတန်ဖိုး ပေါင် ၃၇ သန်း ပေးချေဖို့ သဘောတူခဲ့ကြောင်းလည်း သိရပါတယ်။
ဂျာမနီထိပ်သီးကလပ် ဘိုင််ယန်မြူးနစ်အသင်းဟာ လိုက်ဇစ်နောက်ခံလူအူပါမီကာနိုကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ချယ်လ်ဆီး၊ လီဗာပူးလ်တို့က ပစ်မှတ်ထားနေတဲ့ ပြင်သစ်နောက်ခံလူကို ဘိုင်ယန်က လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်သလို လိဂ်ပြိုင်ဘက်လိုက်ဇစ်ရဲ့ အဓိကကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
"တိုးတက်မှုတွေ ကျွန်တော်တို့ရရှိခဲ့ပါတယ်၊ ကစားသမားနဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန်စကားပြောဆိုခဲ့ပြီး သူ့ရဲ့အေးဂျင့်ဗော်ကာစထရုနဲ့လည်း လအနည်းငယ်ကြာလောက် ဆွေးနွေးခဲ့ပါတယ်၊ ဒီအတွက် ပြိုင်ဆိုင်မှုတွေကလည်း အများကြီးရှိတာတာကို ကျွန်တော်တို့ သိပါတယ်၊ အူပါမီကာနိုက လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး တိုးတက်မယ့် အရည်အသွေးတွေနဲ့ ကစားသမားပါ"
"သူက ဘိုင်ယန်အတွက် နောက်ငါးနှစ်အထိကစားပေးပါလိမ့်မယ်" လို့ ဆာလီဟာမစ်ဇစ်က ဂျာမနီသတင်းစာ Bild ကို အတည်ပြုသွားခဲ့ပါတယ်။ ပြင်သစ်နောက်ခံလူဟာ လိုက်ဇစ်အတွက် ဘွန်ဒက်လီဂါပွဲပေါင်း ၁၀၀ ကျော်ကစားပေးခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၃ပွဲကစားပေးထားကာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေသူလည်းဖြစ်ပါတယ်။