ဘာကာနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပါတယ်။

ဘာစီလိုနာကစားသမားမဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပြီး သူ့အနေနဲ့ နှစ်သက်ရာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နေနိုင်ပြီလည်းဖြစ်ပါတယ်။


ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးမက်ဆီဟာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် စျေးကွက်အတွင်းမှာ Free Agent ကစားသမားအဖြစ် ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ မက်ဆီက ဘာစီလိုနာကစားသမားမဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပြီး သူ့အနေနဲ့ နှစ်သက်ရာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နေနိုင်ပြီလည်းဖြစ်ပါတယ်။

Photo : SoccerWay

အာဂျင်တီးနားတိုက်စစ်မှူးဟာ လက်ရှိမှာ ကိုပါအမေရိကဖလားပွဲကို အာဂျင်တီးနားအတွက် ကစားပေးနေတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သူ့ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာစီလိုနာနဲ့ စိတ်တိုင်းကျဆွေးနွေးညှိနှိုင်းမှုတွေမပြုလုပ်ရသေးဘဲ ကလပ်နဲ့သူ့ရဲ့ကြား စာချုပ်သက်တမ်းကတော့ ဒီနေ့မှာပဲ ကုန်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ 

Photo : AS

ဒါပေမယ့် ဘာစီလိုနာအသင်းဥက္ကဌလာပေါ်တာကတော့ သူတို့အနေနဲ့ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုမယ့် ကိစ္စမှာ စိုးရိမ်ပူပန်ခြင်းမရှိဘူးလို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ စာချုပ်သစ်ချုပ်ဆိုရခြင်းမရှိသေးပေမယ့်လည်း အာဂျင်တီးနားကြယ်ပွင့်က နူးကမ့်မှာ ဆက်လက်ရှိနေမယ်လို့ လာပေါ်တာက ယုံကြည်နေပြီး အနည်းဆုံး ၂ နှစ်စာချုပ်ချုပ်နိုင်မယ်လို့လည်း မျှော်လင့်နေပါတယ်။ 

Photo : Goal.com

ဘာစီလိုနာဟာ လာမယ့်ရာသီအတွက် အာဂျင်တီးနားတိုက်စစ်မှူးပဲဖြစ်တဲ့ အဂူရိုကို မန်စီးတီးကနေ အလွတ်ခေါ်ယူထားပြီးဖြစ်ပါတယ်။ မက်ဆီနဲ့ အဂူရိုတို့ဟာ ရင်းနှီးခင်မင်သူတွေဖြစ်ပြီး ကိုပါအမေရိကပွဲအတွက် အာဂျင်တီးနားအသင်းတည်းခိုရာဟိုတယ်မှာလည်း နှစ်ယောက်အတူတူနေထိုင်နေကြလို့ မက်ဆီက ဘာစီလိုနာမှာပဲ ဆက်ရှိနေမယ်လို့ ပရိသတ်တွေကလည်း ယုံကြည်နေကြပါတယ်။ 

Photo : Goal.com

မက်ဆီဟာပြီးခဲ့တဲ့ရာသီမှာကတည်းက အသင်းကထွက်ခွာဖို့တောင်းဆိုခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာက နည်းအမျိုးမျိုးနဲ့ဟန့်တားခဲ့လို့ ဆက်လက်ကစားပေးခဲ့ရပြီး ဒီရာသီမှာ သူထွက်ခွာမယ်ဆိုပါက ထွက်ခွာနိုင်ပြီဖြစ်ပါတယ်။ မက်ဆီကိုယ်တိုင်ကလည်း သူ့အနာဂတ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ ဖွင့်ဟထားခြင်းမရှိလို့ သူ ဆက်နေမှာလား၊ ထွက်ခွာမှာလားဆိုတာက စိတ်ဝင်စားဖို့ကောငး်နေပြီဖြစ်ပါတယ်။ 



က္က