အေစီမီလန်ကို ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဘာစီလိုနာဟာ မက်ဆီကိုစာချုပ်သစ်ချုပ်ဆိုဖို့အတွက် ငွေကြေးလိုအပ်နေပြီး နောက်ခံလူအမ်တီတီနဲ့ ကွင်းလယ်လူပီယာနစ်တို့ကိုပါ စာချုပ်ဖျက်သိမ်းဖို့ ကြိုးစားနေပါတယ်။


ဘာစီလိုနာအသင်းဟာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်တဲ့ ကော်တင်ဟိုကို အရမ်းနည်းပါးတဲ့စျေးနှုန်းနဲ့ ပြန်ရောင်းဖို့ အေစီမီလန်ကို ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ လီဗာပူးလ်ကနေ ပေါင် ၁၄၂ သန်းနဲ့ ဝယ်ယူခဲ့တဲ့ ကော်တင်ဟိုအပေါ် ဘာစီလိုနာဘက်က စိတ်ရှည်မှုမရှိတော့တဲ့နောက် ပေါင် ၂၁သန်းနဲ့ ပြန်ရောင်းဖို့ အေစီကို ကမ်းလှမ်းခဲ့တယ်လို့ AS က ဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ကိုအငှားနဲ့သွားကစားပြိး နူးကမ့်ကိုပြန်ရောက်လာခဲ့တဲ့ ကော်တင်ဟိုဟာ အသင်းမှာခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ဒူးဒဏ်ရာကြောင့် ၁၄ ပွဲသာကစားပေးနိုင်ခဲ့ပြီး ရော်နယ်ကိုးမန်းက ဒီပိုင်းကို ခေါ်ယူပြီးဖြစ်လို့ သူ့အတွက် ကော်တင်ဟိုမလိုအပ်ဘူးလို့ ယူဆထားကာ အသင်းဘက်ကလည်း ရောင်းချဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ 

အေစီမီလန်ကလည်း သူတို့ရဲ့အားထားရတဲ့ တိုက်စစ်ကစားသမားကယ်ဟာနိုဂလူးကို အင်တာမီလန်အသင်းဆီ အလွတ်ပြောင်းရွှေ့ခွင့်ပေးခဲ့ရလို့ ပြန်လည်အင်အားဖြည့်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ကော်တင်ဟိုရဲ့ ဒဏ်ရာမှတ်တမ်းဆိုးကြောင့် အပြီးသတ်ခေါ်ယူဖို့ကို မစွန့်စားရဲဖြစ်နေပြီး ကနဦးအနေနဲ့ အငှားခေါ်ယူဖို့ကိုသာ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာဟာ မက်ဆီကိုစာချုပ်သစ်ချုပ်ဆိုဖို့အတွက် ငွေကြေးလိုအပ်နေပြီး နောက်ခံလူအမ်တီတီနဲ့ ကွင်းလယ်လူပီယာနစ်တို့ကိုပါ စာချုပ်ဖျက်သိမ်းဖို့ ကြိုးစားနေပါတယ်။ အဆိုပါကစားသမားတွေရဲ့ လုပ်ခလစာကိုလျှော့ချနိုင်မယ်ဆိုရင် မက်ဆီအတွက် လုပ်ခလစာပေးဖို့ အဆင်ပြေမယ့် အတိုုင်းအတာကိုရောက်ရှိမယ်လို့လည်း မျှော်လင့်နေပြီး ကစားသမားတချို့ကို ရောင်းချဖို့ကိုလည်း ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ 



က္က