ပီအက်စ်ဂျီအတွက် တတိယမြောက် အလွတ်ခေါ်ယူမှုပါ။

အသက် ၂၂နှစ်သာ ရှိသေးပြီး ဥရောပဖလား ပြိုင်ပွဲမှာလည်း အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ အီတလီ ဂိုး သမားလေးကို ပီအက်စ်ဂျီအသင်းက ၅နှစ်စာချုပ်ချုပ်ဆိုခေါ်ယူခဲ့တာပါ။

ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ အီတလီအသင်းနှင့်အတူ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ လက်စွမ်းပြ ကစား သွားခဲ့တဲ့ အေစမီလန် ဂိုးသမား ဒိုနာရူမန်ကို အပြီးသတ် ခေါ်ယူ စာချုပ်နိုင်ခဲ့ပြီလို့ BBC SPORTက ဖော်ပြ လာပါ တယ်။



အသက် ၂၂နှစ်အရွယ်သာ ရှိသေးတဲ့ အဆိုပါ အီတလီ ဂိုးသမားလေးဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစား သမားဆုကိုလည်း ရရှိခဲ့သူပါ။

ဒီဆုကို ရဖို့အတွက်လည်း သူဟာ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းဖက်က ကန်သွင်းတဲ့ ပင်နယ်တီ ၅လုံးအနက် ၂လုံး အထိ ပုတ်ထုတ် ကာကွယ်ပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

“ကျွန်တော်အရမ်းပျော်ရွှင်မိပါတယ်။စိန်ခေါ်မှုအသစ်တွေအတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ။ အသင်းနှင့်အတူ အကောင်းဆုံး အောင်မြင်မှုတွေကို ရနိုင်သလောက် ရရှိအောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။”လို့ ဒိုနာရူမန်က ဆို ပါတယ်။

အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ အကြောင်းကို ထုတ်ဖော်ပြောပြီး တစ်ပတ်အကြာမှာပဲ ပီအက်စ်ဂျီအသင်းက ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ယခုအခါ ဒိုနာရူမန်နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ၅နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားပြီ ဖြစ်ပြီး ရာသီ သစ်အတွက် ပြင်ဆင်မှုတွေကို မကြာခင်မှာ ပူးပေါင်း ဆောင်ရွက်တော့မှာပါ။

ဒိုနာရူမန်ဟာ အီတလီ လက်ရွေးစင်အသင်းအတွက် ၃၃ပွဲကစားပေးထားနိုင်သလို အေစီမီလန်အသင်းအတွက် လည်း ပြိုင်ပွဲစုံ ၂၅၁ပွဲအထိ ပါဝင်ပေးထားနိုင်ခဲ့သူပါ။

ဒိုနာရူမန်ဟာ ပီအက်စ်ဂျီအသင်းအတွက် ယခုနှစ်ဘောလုံးရာသီသစ်မှာ တတိယမြောက် အလွတ်ခေါ်ယူမှု ဖြစ် လာပါတယ်။

ဝစ်ဂျ်နယ်လ်ဒန်၊ရာမို့စ်တို့ကိုလည်းခေါ်ယူထားတဲ့ ပီအက်စ်ဂျီအသင်းဟာ နည်းပြသစ်အဖြစ် စပါးနည်းပြဟောင်း ပွန်ချက်တီနိုကိုလည်း ခေါ်ယူထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က