ချန်ပီယံလိဂ် အတွေ့အကြုံရင့် ကစားသမားတစ်ဦးကို ရှာဖွေ ခေါ်ဆောင်ခဲ့တာပါ။

စာချုပ်ပါလျော်ကြေး ပေါင် တစ်သန်းကို အေစီမီလန်အသင်းဖက်က ပေးချေဖို့ သဘောတူခဲ့ပြီးနောက် ဂီရော့ဒ်ဟာ မနက်ဖြန်မှာ အေစီမီလန်ကို ရောက်သင့်ပြီလို့လည်း သိရပါတယ်။

ဂီရော့ဒ်အတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁သန်းကို အေစီမီလန်အသင်းဖက်က သဘောတူညီလိုက်ပြီဖြစ်လို့ မကြာခင် အပြောင်းအရွှေ့ အတည်ပြုနိုင်တော့မယ်လို့ အေစီမီလန်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ပါဘလို မာဒီလ်နီက ကြိုတင် အတည်ပြု ပြောလာပါတယ်။



ယခုနှစ် နွေရာသီမှာ ချဲလ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂီရောဒ့်ကို အေစီမီလန်အသင်းဟာ မူလ ကတည်းက စိတ်ဝင်တစား ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂီရော့ဒ်ကို ချဲလ်ဆီးအသင်းက တစ်နှစ်သက်တမ်းတိုးလိုက်တဲ့အတွက် အေစီမီလန်အသင်းဟာ အလွတ်ရရှိမယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် တစ်သန်းကိုတော့ ချဲလ် ဆီးအသင်းထံ ပေးရတော့မှာပါ။

“မနက်ဖြန်ဆိုရင် သူရောက်သင့်ပါပြီ။အဓိက ခေါ်ယူဖြစ်တာကတော့ အသင်းကို ချန်ပီယံလိဂ် အတွေ့အကြုံရင့် ကစားသမားတစ်ဦး ခေါ်ယူနိုင်ရေးနဲ့ လက်ရှိမှာလည်း သူက ပူပူနွေးနွေး ချန်ပီယံ တစ်ဦး ဖြစ်နေတာကြောင့် ခေါ်ယူ ဖြစ်သွားတာပါ။”လို့ မာဒီလ်နီက ရှင်းပြပါတယ်။

ဂီရော့ဒ်ဟာ နည်းပြ တူချယ်လက်အောက် အသင်းအတွက် ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရပေမယ့်လည်း ကစားခွင့်ရသည့် အချိန်တိုင်းမှာ အဖိုးတန် သွင်းဂိုးတွေကို သွင်းပြပြီး ထိပ်တန်း တိုက်စစ်မှူး တစ်ဦးဆိုတာ သက်သေပြထားနိုင်သူ ပါ။

“အတွေ့အကြုံရင့် ကစားသမားတစ်ဦးကို ရှာဖွေနေကတည်းက ဂီရော့ဒ်ဟာ အသင်းအတွက် အသင့်လျော်ဆုံး ကစားသမားဆိုတာ ရှာဖွေတွေ့ခဲ့တာပါ။ကျွန်တော့်အသင်းဟာ စီးရီးအေမှာ အသက်အငယ်ဆုံး အသင်းဖြစ်နေတာ ကြောင့်လည်း သူတို့ကြားထဲမှာ အတွေ့အကြုံရင့် ကစားသမားတွေကို ဖြည့်တင်းပြီး ပေါင်းစပ် တည်ဆောက် သွားမှာပါ။”လို့ မာဒီလ်နီက ဆက်လက်ပြောပါတယ်။

အေစီမီလန်အသင်းအနေနဲ့ကတော့ ဂီရော့ဒ်အပြင် နောက်ထပ် တိုက်စစ်မှူး တစ်ဦးလောက်ကိုလည်း ထပ်မံ ခေါ် ဆောင်သွားနိုင်ရေး ကြိုးပမ်းနေပြီး မကြာခင်မှာ ထပ်မံ ရောက်ရှိလာဖို့ ရှိတယ်လို့လည်း သိထားရပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က