ဒေါ့မွန်ကတော့ အသင်းမှာဆက်ထိန်းဖို့သာ ရွေးချယ်ခဲ့ပါတယ်။

အေဘရာဟမ် ဒါမှမဟုတ် အိုဒွိုင်နဲ့ အလိုက်ပေးကမ်းလှမ်းခဲ့တာဖြစ်ပေမယ့်လည်း ဘွန်ဒက်လီဂါကလပ်ကတော့ အသက် ၂၀ အရွယ်တိုက်စစ်မှူးကို အသင်းမှာဆက်လက်ထိန်းသိမ်းဖို့ကိုသာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 


ဒေါ့မွန်အသင်းဟာ သူတို့အသင်းတိုက်စစ်မှူးဟာလန်းအတွက် ချယ်လ်ဆီးရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချလိုက်တယ်လို့ Sky Germany က ဖော်ပြသွားခဲ့ပါတယ်။ အေဘရာဟမ် ဒါမှမဟုတ် အိုဒွိုင်နဲ့ အလိုက်ပေးကမ်းလှမ်းခဲ့တာဖြစ်ပေမယ့်လည်း ဘွန်ဒက်လီဂါကလပ်ကတော့ အသက် ၂၀ အရွယ်တိုက်စစ်မှူးကို အသင်းမှာဆက်လက်ထိန်းသိမ်းဖို့ကိုသာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက တိုက်စစ်ပိုင်းအခက်အခဲတွေရှိနေခဲ့တဲ့နောက် ချယ်လ်ဆီးဟာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ လှုပ်ရှားနေခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားကိုရယူနိုင်ခဲ့ပေမယ့် တူချယ်လ်က ၀ါနာနဲ့ အေဘရာဟမ်တို့ရဲ့ ခြေစွမ်းကို အားရကျေနပ်မှုမရှိဘဲ အင်အားဖြည့်တင်းချင်နေတာဖြစ်ပါတယ်။ ဂီရော့ဒ်ကို အေစီမီလန်ဆီ ရောင်းချဖို့လည်း ချယ်လ်ဆီးက သဘောတူညီပြီးဖြစ်တာကြောင့် တိုက်စစ်မှူးသစ်တစ်ဥိးကို မဖြစ်မနေခေါ်ယူမယ်လို့ ယုံကြည်ရပါတယ်။ 

ဟာလန်းကတော့ ဒေါ့မွန်ရဲ့ ဂိုးသွင်းစက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ဂိုးပေါင်း ၄၁ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘွန်ဒက်လီဂါမှာ လီဝန်ဒေါစကီးနဲ့ သူတင်ကိုယ်တင်ဂိုးသွင်းယူနိုင်တဲ့ တစ်ဦးတည်းသောကစားသမားအဖြစ်ရှိနေခဲ့သူဖြစ်ကာ ထိပ်သီးအသင်းတွေဝိုင်းဝိုင်းလည်နေခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုကို ယူနိုက်တက်အသင်းဆီရောင်းချခဲ့ပြီးနောက် ဒေါ့မွန်က အဓိကကစားသမားနောက်ထပ်တစ်ဦးကို အဆုံးရှုံးမခံဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ 

ဂျာမနီသတင်းရင်းမြစ်တစ်ခုက "ချယ်လ်ဆီးက ကြိုးစားနေပါတယ်၊ ဒါပေမယ့် အရမ်းခက်ခဲပါလိမ့်မယ်၊ ဒီအချိန်မှာ သူတို့ရဲ့မစ်ရှင်က အောင်မြင်မှာမဟုတ်ပါဘူး၊ ဒါပေမယ့်လည်း လုံးဝမဖြစ်နိုင်ဘူးလို့တော့ မယူဆစေချင်ဘူး" လို့ ဆိုပါတယ်။ ဒေါ့မွန်အနေနဲ့ ဟာလန်းကို လာမယ့်ရာသီမှာ ပေါင်သန်း ၇၀ နဲ့ထွက်ခွာခွင့်ပေးဖို့ စည်းကမ်းချက်ရှိနေပေမယ့် ဒီရာသီမှာတော့ အသင်းမှာဆက်လက်ထိန်းသိမ်းကာ လာမယ့်ရာသီမှာမှ ရောင်းထုတ်သွားဖွယ်သာ ရှိနေတာဖြစ်ပါတယ်။ 



က္က