ဂျူဗီက စာချုပ်သစ်မကမ်းလှမ်းသေးဘူးလို့ သိရပါတယ်။

လက်ရှိဘောလုံးစျေးကွက်မှာ အလွတ်ခေါ်ယူမှုတွေကို အများဆုံးပြုလုပ်ထားတဲ့ ဘာစီလိုနာက ချီလီနီကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


အီတလီအသင်းနဲ့အတူ ယူရိုဖလားကိုဆွတ်ခူးခဲ့တဲ့ အသင်းခေါင်းဆောင်ချီလီနီဟာ ဂျူဗီနဲ့စာချုပ်သက်တမ်းကုန်ဆုံးနေပြီဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းဘက်က စာချုပ်သစ်မကမ်းလှမ်းတာကြောင့် အသင်းလက်မဲ့ဖြစ်နေတယ်လို့ဆိုပါတယ်။ ဒါကြောင့် ချီလီနီဟာ အသင်းဘက်ကကမ်းလှမ်းမှုကို စောင့်ဆိုင်းနေရပြီး သူ့ကိုခေါ်ယူချင်တဲ့အသင်းရှိပါက အလွတ်ခေါ်ယူနိိုင်မှာလည်းဖြစ်ပါတယ်။ 

လက်ရှိအချိန်ထိ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်သေးတဲ့ ကစားသမားကို ဂျူဗီဘက်က ကမ်းလှမ်းမှုမပြုသေးတာက အံ့အားသင့်စရာတော့ကောင်းနေခဲ့ပါတယ်။ ဘိုနူချီနဲ့တွဲဖက်ကာ ယူရိုပြိုင်ပွဲမှာ အကောင်းဆုံးဗဟိုခံစစ်ကြောင်းကို တည်ဆောက်နိုင်ခဲ့ပြီး အီတလီကို ခြေစွမ်းအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ချီလီနီက ဦးဆောင်ပေးနိုင်ခဲ့ပြီး ကင်နာဗာရို၊ မာလ်ဒီနီ၊ နက်စတာတို့ခေတ်နောက်ပိုင်း အကောင်းဆုံးသော ခံစစ်မှူးကြီးအဖြစ်ရှိနေခဲ့ပါတယ်။ 

စပိန်သတင်းစာ Marca က ဂျူဗီဘက်က တစ်စုံတစ်ရာကမ်းလှမ်းမှုမရှိသေးဘူးလို့ ဖော်ပြခဲ့တာဖြစ်ပြီး ချီလီနီကတော့ ဂျူဗီမှာဆက်ကစားချင်နေတယ်လို့ ဆိုပါတယ်။ အသက်အရွယ်ကြောင့် ချီလီနီဟာ လျင်မြန်မှုပိုင်းကျဆင်းလာပေမယ့်လည်း သူ့ရဲ့အတွေ့အကြုံနဲ့ ထိန်းကစားနိုင်ဆဲဖြစ်ကာ ကာတာမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အီတလီကိုယ်စားပြုပြီး ဝင်ရောက်ကစားပေးဖို့ ဆန္ဒရှိနေဆဲလို့ သိရပါတယ်။ 


လက်ရှိဘောလုံးစျေးကွက်မှာ အလွတ်ခေါ်ယူမှုတွေကို အများဆုံးပြုလုပ်ထားတဲ့ ဘာစီလိုနာက ချီလီနီကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကပ်ရောဂါအခြေအနေကြောင့် ဘဏ္ဍာရေးအခက်အခဲတွေရှိလာတဲ့ ကလပ်အသင်းတွေဟာ စျေးကွက်အတွင်းကြီးကြီးမားမား ခေါ်ယူမှုမျိုးထက် ပြောင်းရွှေ့ကြေးနည်းပါးသူတွေ၊ အလွတ်ရရှိနိုင်မယ့်သူတွေကိုသာ ဦးစားပေးရွေးချယ်ခေါ်ယူနေကြတာဖြစ်ပါတယ်။ 



က္က