နှစ်ဦးပေါင်း အတွက် ပေါင် ၆၈သန်းထိ သုံးစွဲဖို့ ရှိနေတာပါ။

ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူနိုင်မှုအပြီး ဗာရာနီကို ထပ်မံ ခေါ်ယူနိုင်ရေး ကြိုးပမ်းလာတာ ဖြစ်ပြီး ထရစ်ပီ ယာကိုလည်း လက်လွှတ်မခံဖို့ ရှိနေပါတယ်။

စပိန်သတင်းဌာန The Sunရဲ့ ဖော်ပြချက်အရ ရီးရဲအသင်းရဲ့ နောက်ခံလူ ဗာရာနီဟာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီလို့ သိရပါတယ်။



ယူနိုက်တက်အနေနဲ့လည်း ရီးရဲမက်ဒရစ် နောက်ခံလူ ဗာရာနီအပြင် အက်သလက် နောက်ခံလူ ထရစ်ပီယာကိုပါ စုစုပေါင်း ပေါင် ၆၈သန်းလောက်နဲ့ အရယူနိုင်ဖို့ လုပ်ဆောင်နေတာပါ။

မကြာသေးခင်ကလည်း ဒေါ့မွန်အသင်းမှ အင်္ဂလန် ကြယ်ပွင့် ဂျော်ဒန် ဆန်ချိုနဲ့လည်း ပေါင် ၇၂.၉သန်းဖြင့် သဘောတူညီမှု ရထားနှင့်ပြီး ဖြစ်ပါတယ်။

ဗာရာနီနဲ့ ကလပ်အသင်းတွေကြား ၅နှစ်စာချုပ်နဲ့ သဘောတူညီမှု ရဖို့ ရှိနေပေမယ့် လုပ်ခ လစာကိုတော့ ညှိနှိုင်း ကြဖို့ လိုနေပါသေးတယ်။

ဗာရာနီဟာလည်း ရီးရဲနဲ့ တစ်နှစ်သာ ကျန်တော့ပြီး စာချုပ်သက်တမ်း ထပ်မတိုးတော့မှာကို သိနေလို့ လက်ရှိ တစ်နှစ် ကျန်သေးချိန်မှာ ပြောင်းရွှေ့ကြေးရဖို့ ရောင်းထုတ်နိုင်ရေး စီစဥ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိ သတင်းဖော်ပြချက်တွေအရ ယူနိုက်တက်ဟာ ဗာရာနီအတွက် ပေါင် သန်း ၅၀လောက်သုံးပြီး ထရစ်ပီယာ အတွက်ကိုမူ ၁၈သန်း ထိသုံးပြီး ခေါ်ယူနိုင်ဖို့ စီစဥ်နေတာလို့လည်းသိရပါတယ်။

နှစ်ဦးစလုံးအတွက် ရီးရဲနဲ့ အက်သလက်တီအသင်းတို့နဲ့ ဆွေးနွေးနေမှုတွေဟာ နောက်ဆုံး အဆင့်တွေကို ရောက်နေပြီလို့ သိရပြီး မကြာခင် ရက်သတ္တပတ်အကုန်လောက်မှာ အတည်ပြု ထုတ်ပြန်ပေးနိုင်ဖွယ် ရှိနေပါ တယ်။



က္က