ပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရတဲ့ ဘန်ဝှိုက်ကို အာဆင်နယ်က အလေးထားချိတ်ဆက်ခဲ့ပြီး နောက်ဆုံးမှာ ပြောင်းရွှေ့ကြေးညှိနှိုင်းမှုအဆင်ပြေခဲ့တာဖြစ်ပါတယ်။ 


အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းနောက်ခံလူဘန်ဝှိုက်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရတဲ့ ဘန်ဝှိုက်ကို အာဆင်နယ်က အလေးထားချိတ်ဆက်ခဲ့ပြီး နောက်ဆုံးမှာ ပြောင်းရွှေ့ကြေးညှိနှိုင်းမှုအဆင်ပြေခဲ့တာဖြစ်ပါတယ်။ 

ကနဦးကတော့ အာဆင်နယ်က ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘရိုက်တန်က ငြင်းဆန်ခဲ့ပါတယ်။ ဒုတိယအကြိမ်အဖြစ် ပေါင် ၄၅သန်း နဲ့ အပိုဆုကြေးတွေပေးမယ်လို့ ထပ်မံကမ်းလှမ်းခဲ့ပေမယ့် ဘရိုက်တန်က ငွေသားချည်းသက်သက် ပေါင်သန်း ၅၀ အထိ အလိုရှိနေခဲ့တာကြောင့် အာဆင်နယ်တို့ ဘယ်လိုမှမတတ်နိုင်တော့ဘဲ လိုက်လျောပေးခဲ့ရပြီး သဘောတူညီမှုရယူခဲ့တာဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ဘန်ဝှိုက်ဟာ အာဆင်နယ်အသင်းသမိုင်းမှာ စျေးအကြီးဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်က အင်္ဂလန်လိဂ် (၂)က နယူးပေါ့တ်ကောင်တီမှာ ကစားခဲ့ရတဲ့ ဘန်ဝှိုက်ဟာ အခုချိန်မှာတော့ ပရီးမီးယားလိဂ်အသင်းကြီး တစ်သင်းဖြစ်တဲ့ အာဆင်နယ်ရဲ့ စျေးအကြီးဆုံးနောက်ခံလူဖြစ်လာခဲ့ပြီလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

သူဟာ ညာနောက်ခံလူနေရာမှာရော၊ ဗဟိုခံစစ်မှာပါ ကစားနိုင်သူဖြစ်ပါတယ်။ အင်္ဂလန်နဲ့အတူ ယူရိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့်လည်း တစ်ပွဲမှ ပါဝင်ကစားရခြင်းမရှိခဲ့တဲ့ ဘန်ဝှိုက်ကိုယ်တိုင်ကလည်း အသင်းကြီးတစ်သင်းမှာကစားဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်က ကမ်းလှမ်းခဲ့ချိန်မှာတော့ မြန်မြန်ဆန်ဆန်ပဲ လက်ခံခဲ့ပြီး ကလပ်နှစ်သင်းကြားဆွေးနွေးမှုတွေ ပြီးပြတ်အောင်စောင့်ဆိုင်းနေခဲ့ရတာလည်းဖြစ်ပါတယ်။ 



က္က