ပေါင် ၃၈သန်း သတ်မှတ်ထားတာပါ။

အခြားတစ်ဖက်မှာလည်း ဂျူဗင်တပ်ရဲ့ ကမ်းလှမ်းမှုကို ဆာဆူအိုလိုက စောင့်နေပါသေးတယ်။

လန်ဒန်ကလပ် အာဆင်နယ်အသင်းဟာ စီးရီးအေကလပ် ဆာဆူအိုလိုအသင်းမှ အီတလီ လက်ရွေးစင် လိုကာ တယ်လီ အတွက် သတ်မှတ်ပေးချေရမယ့် ပေါင် ၃၈သန်းအတွက် သဘောတူညီခဲ့ပြီလို့ သိရပါတယ်။



ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အာဆင်နယ် နည်းပြ အာတီတာအနေနဲ့ ကွင်းလယ် ကစားသမား တစ်ဦးကို အဓိကထား ရှာဖွေနေခဲ့တာပါ။

အကြောင်းကတော့ ကွင်းလယ်မှာ ဇာခါ ထွက်ခွါသွားပြီးနောက် သောမတ်စ်ပါတေးနဲ့ တွဲဖက် ကစားနိုင်မယ့် ဒေါင် ဒေါင်မြည် ကစားသမားတစ်ဦးကို ရှာဖွေနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအတွက် အစောပိုင်းကတည်းက လိုင်ယွန်က ဟောင်ဆန်အူဝါ၊ဘရိုက်တန်မှ ဘစ်ဆူးမားတို့ကို ချိတ်ဆက် ခဲ့ပါ သေးတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ဆာဆူအိုလိုအသင်းမှ အီတလီ လက်ရွေးစင် ကွင်းလယ်လူ လိုကာတယ်လီနဲ့သာ ဈေးတည်းနေပြီး ဆာဆူအိုလိုအသင်းဖက်ကတော့ အာဆင်နယ်အပြင် ဂျူဗင်တပ်အသင်းရဲ့ ကမ်းလှမ်းမှုကိုပါ စောင့်ကြည့်နေသေးတယ်လို့ SportMediaset က ဖော်ပြလာပါတယ်။

ဒီလိုအခြေအနေမှာ အာဆင်နယ်အသင်းက ကစားသမားအတွက် တောင်းဆိုတဲ့ ပေါင် ၃၈သန်းကို ပေးချေမယ် လို့ ကမ်းလှမ်းလာပြီး ဂျူဗင်တပ်ကတော့ ကနဦး အငှားနဲ့သာခေါ်ပြီးမှ အပြီးသတ် ခေါ်ယူခွင့်နဲ့ စာချုပ်ကို ကမ်းလှမ်း ထားတာပါ။

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိမှာတော့ ကစားသမား ခေါ်ယူမှုအဖြစ် ဘရိုက်တန် နောက်ခံလူ ဘင်ဝှိုက်ကို တော့ ခေါ်ယူထားနိုင်ပြီး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က