ကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

နီဂွက်ဇ်ကို ဂရစ်မန်းနဲ့ အလဲအထပ်လုပ်ဖို့ ဘာစီလိုနာက ကြိုးစားနေချိန်မှာ လီဗာပူးလ်က ကြားဖြတ်ဝင်ရောက်လာခဲ့တာဖြစ်ပြီး သူတို့နှစ်သင်းကြားတိုက်ပွဲတွေက ပြင်းထန်လာဖွယ်ရှိနေပါတယ်။


အက်သလက်တီကိုမက်ဒရစ်အသင်းကွင်းလယ်လူ ဆာအူလ်နီဂွက်ဇ်ကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းဟာ ဘာစီလိုနာနဲ့အပြိုင်ကြိုးစားနေတယ်လို့ သိရပါတယ်။ နီဂွက်ဇ်ကို ဂရစ်မန်းနဲ့ အလဲအထပ်လုပ်ဖို့ ဘာစီလိုနာက ကြိုးစားနေချိန်မှာ လီဗာပူးလ်က ကြားဖြတ်ဝင်ရောက်လာခဲ့တာဖြစ်ပြီး သူတို့နှစ်သင်းကြားတိုက်ပွဲတွေက ပြင်းထန်လာဖွယ်ရှိနေပါတယ်။

အသက် ၂၆ နှစ်ရွယ် စပိန်ကွင်းလယ်လူကို ကွင်းလယ်လူလိုအပ်ချက်မြင့်မားနေတဲ့ လီဗာပူးလ်က တော်တော်လေးစိတ်ဝင်စားနေတာဖြစ်ပါတယ်။ ၀ိုင်နယ်ဒမ်ထွက်ခွာသွားပြီးနောက် လီဗာပူးလ်ဟာ ကွင်းလယ်လူတစ်ဦးကို မဖြစ်မနေခေါ်ယူရဖို့ ရှိနေပြီး နီဂွက်ဇ်ကလည်း အေတီကိုမှာ ပြီးခဲ့တဲ့ရာသီက ပုံမှန်ကစားခွင့်မရတဲ့အပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေတယ်လို့ AS က ဖော်ပြခဲ့ပါတယ်။ 

ဘာစီလိုနာကလည်း အသင်းကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ နီဂွက်ဇ်ကို အလိုရှိနေတာဖြစ်ပါတယ်။ ဂရစ်မန်းရဲ့ လုပ်ခလစာက မြင့်မားနေပြီး ဘဏ္ဍာရေးအခက်အခဲရှိနေတဲ့ အသင်းအတွက် ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်နေတာကြောင့် သူ့ထက် ပိုမိုပြီးလုပ်ခလစာသက်သာတဲ့ နီဂွက်ဇ်နဲ့ အလဲအထပ်ပြုလုပ်ဖို့ ကြိုးစားနေပြီး အက်သလက်တီကိုဘက်က လက်ခံချင်နေပေမယ့် ဂရစ်မန်းရဲ့ ဆန္ဒကြောင့် နှေးကွေးနေတာလည်းဖြစ်ပါတယ်။ 

လီဗာပူးလ်ကတော့ နီဂွက်ဇ်အတွက် ကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်ို့ သိရပြီး သူတို့စောင့်ကြည့်နေတဲ့ ကွင်းလယ်လူတွေထဲက အကောင်းဆုံးရွေးချယ်မှုအဖြစ် စပိန်ကစားသမားကို သတ်မှတထားတာဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ ငွေကြေးပိုင်းအရ လက်ရှိအချိန်မှာ လီဗာပူးလ်ကို ယှဉ်ပြိုင်နိုင်စွမ်းနည်းပါးနေပြီး အက်သလက်တီကိုကသာ သဘောတူညီခဲ့မယ်ဆိုရင် ဂရစ်မန်းနဲ့အလဲအထပ်လုပ်ပြီး ဘဏ္ဍာရေးပိုင်းလျှော့ချမယ့် အစီအစဉ်ပါ ပျက်ပြယ်တော့မှာဖြစ်ပါတယ်။ 



က္က