ကစားသမားရဲ့အေးဂျင့်က PSG နဲ့ ဆွေးနွေးနေပါတယ်။

ယူနိုက်တက်ကို ပေါင် ၈၉သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် အဓိကကစားသမားအဖြစ် ရှိနေခဲ့တဲ့ ပေါ့ဂ်ဘာဟာ အသင်းနဲ့စာချုပ်သစ်ကိစ္စကို ဆွေးနွေးထားခြင်းမရှိဘူးလို့ သိရပါတယ်။


ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာရဲ့ အေးဂျင့်ရွိုင်အိုလာဟာ ပီအက်စ်ဂျီနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရရှိအောင် ကြိုးစားနေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။ ဒါဟာ ပေါ့ဂ်ဘာကို စာချုပ်သစ်မချုပ်ဆိုနိုင်သေးတဲ့ ယူနိုက်တက်အတွက် စိတ်ပျက်စရာသတင်းဖြစ်လာခဲ့ပြီး သူတို့ရဲ့အကောင်းဆုံးကွင်းလယ်လူကို လက်လွှတ်ရတော့မှာလားလို့ မေးစရာရှိလာခဲ့ပါတယ်။

ယူနိုက်တက်ကို ပေါင် ၈၉သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် အဓိကကစားသမားအဖြစ် ရှိနေခဲ့တဲ့ ပေါ့ဂ်ဘာဟာ အသင်းနဲ့စာချုပ်သစ်ကိစ္စကို ဆွေးနွေးထားခြင်းမရှိဘူးလို့ သိရပါတယ်။ ယူနိုက်တက်နဲ့ ပေါ့ဂ်ဘာတို့ကြား စာချုပ်သက်တမ်းကလည်း တစ်နှစ်သာကျန်ရှိတော့ပြီး စာချုပ်သစ်မချုပ်ဆိုနိုင်ပါက အလွတ်ထွက်ခွာခွင့်ပေးရမယ့် အခြေအနေနဲ့ပါ ရင်ဆိုင်သွားရနိုင်တာဖြစ်ပါတယ်။ 

ပီအက်စ်ဂျီက ပေါ့ဂ်ဘာအတွက် ပေါင် ၄၃ သန်းနဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့ သိရပြီး ယူနိုက်တက်ဘက်ကလည်း ရောင်းချဖို့ကို ထည့်သွင်းစဉ်းစားနေရပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်သင်းကြားမှာ ဘယ်လိုကမ်းလှမ်းမှု၊ ဆက်သွယ်မှုမျိုးမှ မရှိဘူးလို့ သိရပြီး ရွိုင်အိုလာကတော့ သူ့ကစားသမားအတွက်ကို အပြင်းအထန်ကြိုးပမ်းနေတယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။

ရွိုင်အိုလာဟာ ပေါ့ဂ်ဘာကို ယူနိုက်တက်ကနေ ထွက်ခွာသွားအောင်လုပ်ခဲ့သူဖြစ်သလို သူပဲပြန်လည်ပြိး ခေါ်ဆောင်လာခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် ပေါ့ဂ်ဘာက မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိလည်း အဆိုပါမှတ်တမ်းကို ဘယ်သူကမှ မချိုးဖျက်နို်င်သေးဘဲရှိနေပါတယ်။ ယူနိုက်တက်အနေနဲ့ ကာမာဗင်ဂါ၊ ဒီကလန်ရိုက်နဲ့ ဆာအူလ်နီဂွက်ဇ်တို့ကို ချိတ်ဆက်မှုတွေရှိနေပြီး ပေါ့ဂ်ဘာနေရာအစားထိုးဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ ခန့်မှန်းရပါတယ်။ 



က္က