ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း နဲ့ ၅၅ သန်းကြားမှာ သဘောတူညီမှုရဖွယ်ရှိပါတယ်။

ယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ်တို့ကြားမှာ ဆွေးနွေးမှုတွေက အဆင်ပြေနေတယ်လို့ သိရပြီး ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း နဲ့ ၅၅ သန်းကြားမှာ သဘောတူညီမှုရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာဖေးဗာရာနီကို ခေါ်ယူဖို့ကြိုးပမ်းနေမှုတွေဟာ နောက်ထပ်တဆင့်ကိုရောက်ရှိနေပြီလို့ RMC Sports က ဆိုပါတယ်။ ယူနိုက်တက် နဲ့ ရီးရဲလ်မက်ဒရစ်တို့ကြားမှာ ဆွေးနွေးမှုတွေက အဆင်ပြေနေတယ်လို့ သိရပြီး ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်း နဲ့ ၅၅ သန်းကြားမှာ သဘောတူညီမှုရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ 

ဆန်ချိုကိုခေါ်ယူအပြီးမှာ အသက် ၂၇ နှစ်အရွယ် ပြင်သစ်နောက်ခံလူကိုသာ ယူနိုက်တက်က အလေးထားချိတ်ဆက်မှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ဗာရာနီဟာ ရီးရဲလ်မက်ဒရစ်နဲ့လည်း အေးအေးဆေးဆေးလမ်းခွဲကာ လူကြီးလူကောင်းပီသဖို့အတွက် နားလည်မှုရရှိထားသလို ယူနိုက်တက်နဲ့လည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ 

ဒါကြောင့် ကလပ်အသင်းနှစ်သင်းကြားဆွေးနွေးမှုတွေသာ အဆင်ပြေဖို့သာ လိုတော့တာဖြစ်ပြီး နောက်တစ်ပတ်ထဲမှာ စာချုပ်ချုပ်ဆိုနိုင်လိမ့်မယ်လို့လည်း RMC က သုံးသပ်ခဲ့ပါတယ်။ ရာမို့စ်ထွက်ခွာသွားပြီးနောက် ဗာရာနီကို စာချုပ်သစ်ချုပ်ဆိုဖို့ ရီးရဲလ်က ကမ်းလှမး်ခဲ့ပေမယ့် ကစားသမားက ငြင်းဆန်ပယ်ချခဲ့ပြီး လက်ရှိမှာတော့ အသင်းနဲ့ပူးပေါင်းကာ လေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။ 

ဆိုးလ်ရှားကတော့ မက်ဂွိုင်းယားနဲ့တွဲဖက်ပေးဖို့ ဗာရာနီကို အလိုရှိနေပြီး အသင်းဘက်ကလည်း အစွမ်းကုန်ကြိုးစားပေးနေတာဖြစ်ပါတယ်။ ဆန်ချိုနဲ့ ဗာရာနီကို ခေါ်ယူနိုင်ပြီးပါက အမှတ်ပေးဖလားကိုစိန်ခေါ်နိုင်တဲ့ အဆင့်မှာ အသင်းကရှိနေမယ်လို့ ဆိုးလ်ရှားက ယုံကြည်နေပြီး သူ့ကိုလည်း အသင်းက ၃ နှစ်စာချုပ်သစ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။ 



က္က