မက်ဆီဟာ လက်ရှိမှာ ကလပ်အသင်းမဲ့ကစားသမားတစ်ဦးအဖြစ်ရှိနေသူပါ။

ဘာစီလိုနာအတွက်တော့ မက်ဆီဟာ သမိုင်းကြောင်းတစ်ခုဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး သေချာပေါက်အသင်းအတွက် ဆက်လက်ကစားပေးရမယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။ 


ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်ကစားသမားဟောင်းဖြစ်တဲ့ ရော်နယ်ဒင်ဟိုက မက်ဆီကို ဘာစီလိုနာမှာသာ ဆက်လက်ရှိနေသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ နူးကမ့်မှာ မက်ဆီနဲ့ တွဲဖက်ကစားခဲ့တဲ့ ရော်နယ်ဒင်ဟိုက ဘာစီလိုနာအတွက်တော့ မက်ဆီဟာ သမိုင်းကြောင်းတစ်ခုဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး သေချာပေါက်အသင်းအတွက် ဆက်လက်ကစားပေးရမယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တဲ့ မက်ဆီဟာ လက်ရှိမှာ ကလပ်အသင်းမဲ့ကစားသမားတစ်ဦးအဖြစ်ရှိနေသူဖြစပါတယ်။ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုမယ်လို့ ပြောဆိုထားပေမယ့်လည်း လက်မှတ်ရေးထိုးထားရခြင်းမရှိသေးဘဲ လက်ရှိမှာတော့ မိသားစုနဲ့အတူ အပန်းဖြေခရီးထွက်နေတာဖြစ်ပါတယ်။ အဆိုပါခရီးစဉ်ကနေ မက်ဆီပြန်လည်ရောက်ရှိလာချိန်မှာတော့ ဘာစီလိုနာနဲ့ လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ရပါတယ်။

ရော်နယ်ဒင်ဟိုက "သူ အသင်းမှာ ဆက်ပြီးတော့ကို ကစားရမှာပါ၊ သူက ဘာစီလိုနာရဲ့ သမိုင်းတစ်ခုပါပဲ၊ သူအနားသွားချိန်၊ ကျောနံပါတ် ၁၀ ကို ထားရစ်ခဲ့ချိန်မှာ ဒါကို ဘယ်သူကမှ ထိလို့ရမှာမဟုတ်ပါဘူး" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ အဆိုပါကျောနံပါတ်ကိုတော့ မက်ဆီက ရော်နယ်ဒင်ဟိုအသင်းက ထွက်ခွာခဲ့ချိန်မှာ ဆက်ခံခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

မူလကတော့ မက်ဆီဟာ ဘာစီလိုနာအတွက် ပြီးခဲ့တဲ့ဘောလုံးရာသီကို ကစားပေးပြီးရင် ထွက်ခွာမယ်လို့ ယုံကြည်ခဲ့ရပါတယ်။ ဒါပေမယ့် ကိုပါအမေရိကဖလားကို အာဂျင်တီးနားအတွက် ဆွတ်ခူးပေးခဲ့ပြီးနောက် မက်ဆီက နူးကမ့်မှာသာ ဆက်လက်ကစားဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ သူ့ကိုခေါ်ယူဖို့ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့က ငွေထုပ်ပိုက်စောင့်ဆိုင်းနေပေမယ့်လည်း မက်ဆီကတော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။



က္က