၄ နှစ်စာချုပ်ချုပ်ဆိုသွားမှာပါ။

ဒီမတိုင်ခင်မှာ ဆန်ချိုကို ဒေါ့မွန်ကနေ ပေါင် ၇၃ သန်းနဲ့ ခေါ်ယူထားခဲ့ပြီးဖြစ်ကာ ဗာရာနီအတွက်တော့ ပေါင် ၃၄ သန်းအထိ ပေးချေရမယ်လို့ ဆိုပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းက သူတို့ဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူဗာရာနီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အတည်ပြုကြေညာလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် နောက်ခံလူဟာ ဆိုးလ်ရှားရဲ့ ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပြီး ဒီမတိုင်ခင်မှာ ဆန်ချိုကို ဒေါ့မွန်ကနေ ပေါင် ၇၃ သန်းနဲ့ ခေါ်ယူထားခဲ့ပြီးဖြစ်ကာ ဗာရာနီအတွက်တော့ ပေါင် ၃၄ သန်းအထိ ပေးချေရမယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဆိုပါကစားသမားနှစ်ဦးအတွက် ယူနိုက်တက်ဟာ ပေါင် ၁၀၇ သန်းအထိ ကုန်ကျခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဗာရာနီအတွက် အပိုဆုကြေးပေးချေမှုလည်း ပါဝင်တယ်လို့သိရကာ လေးနှစ်စာချုပ်ချုပ်ဆိုလိမ့်မယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ ဗာရာနီက လာမယ့်ရက်တွေအတွင်း အင်္ဂလန်ကိုလာရောက်ကာ ဆေးစစ်မှုခံယူသွားမယ်လို့လည်း သိရပါတယ်။ 

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကစားသမားဟာ အင်္ဂလန်မှာ ကွာရန်တင်းဝင်ရဦးမှာဖြစ်ပြီး ရက်ပြည့်မှသာ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ အားလုံးအသင့်ဖြစ်အောင် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ဆေးစစ်မှုပြီးဆုံးပါက စာချုပ်လက်မှတ်ရေးထိုးကာ အသင်းကစားသမားသစ်အဖြစ် ထပ်မံအတည်ပြုနိုင်တော့မှာလည်းဖြစ်ပါတယ်။ 


"ပြင်သစ်နောက်ခံလူဗာရာနီအတွက် ရီးရဲလ်မက်ဒရစ်နဲ့သဘောတူညီမှုရရှိခဲ့ပြီဆိုတာကို ဝမ်းမြောက်စွာနဲ့ ကြေညာချင်ပါတယ်၊ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေ၊ ဆေးစစ်မှုတွေပြုလုပ်ဖို့သာ ကျန်ရှိပါတော့တယ်" လို့ ယူနိုက်တက်အသင်းက တရားဝင်ထုတ်ပြန်ခဲ့သလို ရီးရဲလ်မက်ဒရစ်ဘက်ကလည်း ဒီအပြောင်းအရွှေ့ကို အတည်ပြုသွားခဲ့ပါတယ်။ 


ဗာရာနီကတော့ ရီးရဲလ်နဲ့အတူ အဓိကဆုဖလား ၁၈ လုံးအထိ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလား ၄လုံး၊ ကမ္ဘာ့ကလပ်ဖလား ၄လုံး၊ ဥရောပစူပါဖလား ၃လုံး၊ လာလီဂါဖလား ၃လုံး၊ ကိုပါဒယ်ရေးဖလား ၁လုံးနဲ့ စပိန်စူပါဖလား ၃လုံးတို့ ဆွတ်ခူးခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပေါင် ၃၄သန်းအပြင် အပိုဆုကြေးပေါင် ၇ သန်းအထိ ထပ်မံပေးချေရမယ့် သဘောတူညီမှုကိုပါ ရီးရဲလ်နဲ့ ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ 



က္က