စာချုပ်သက်တမ်းက ၁၂ လသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

လာမယ့်ရာသီအတွက် အသင်းနဲ့ ပူးပေါင်းမှုတွေ ပြုလုပ်နေပြီဖြစ်ပေမယ့်လည်း နည်းပြအန်ဆယ်လော့တီနဲ့ ပြန်လည်ပူးပေါင်းကာ ကစားချင်တဲ့ဆန္ဒတွေရှိနေတယ်လို့ ဆိုပါတယ်။ 


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာချင်နေတယ်ဆိုတဲ့ သတင်းတွေ ပြန်လည်ထွက်ပေါ်လာပါတယ်။ စပိန်သတင်းစာ AS ရဲ့ ဖော်ပြချက်အရ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ လာမယ့်ရာသီအတွက် အသင်းနဲ့ ပူးပေါင်းမှုတွေ ပြုလုပ်နေပြီဖြစ်ပေမယ့်လည်း နည်းပြအန်ဆယ်လော့တီနဲ့ ပြန်လည်ပူးပေါင်းကာ ကစားချင်တဲ့ဆန္ဒတွေရှိနေတယ်လို့ ဆိုပါတယ်။ 

ဂျူဗင်တပ်စ်ကတော့ ရော်နယ်ဒိုဟာ အသင်းမှာ လာမယ့်ရာသီအတွက် ကစားပေးမယ်လို့ အခိုင်အမာပြောဆိုထားခဲ့ပေမယ့် စာချုပ်သက်တမ်းက ၁၂ လသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေလည်း ပြုလုပ်ထားရခြင်းမရှိသေးသလို ကစားသမားဘက်ကလည်း သူ့ရဲ့အနာဂတ်အတွက် သေချာဆုံးဖြတ်ပြောဆိုထားတာမျိုးမရှိတာကြောင့် အသင်းကနေ အချိန်မရွေးထွက်ခွာသွားနိုင်တဲ့ အနေအထားမှာရှိနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃ ရာသီစလုံး ဂျူဗင်တပ််စ်ရဲ့ ထိပ်သီးဂိုးသွင်းရှင်အဖြစ် ရပ်တည်ခဲ့တဲ့ ရော်နယ်ဒိုက ရီးရဲလ်နည်းပြသစ်အဖြစ် အန်ဆယ်လော့တီဖြစ်လာချိန်မှာ ပြန်လည်ပူးပေါင်းချင်နေတာဖြစ်ပါတယ်။ ဂျူဗီနဲ့အတူ ပြည်တွင်းအောင်မြင်မှုတွေအားလုံးကို ရော်နယ်ဒိုက ရယူနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုလည်း ဆွတ်ခူးနိုင်ခဲ့ကာ မတူညီတဲ့ ထိပ်တန်းလိဂ် ၃ ခုမှာ ရွှေဖိနပ်ဆုရတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်းဖြစ်လို့ သူ့အတွက် အောင်မြင်တယ်လို့ ယူဆရမှာဖြစ်ပါတယ်။

ဥရောပအောင်မြင်မှုအတွက် ဂျူဗင်တပ်စ်က ရည်ရွယ်ကာ ခေါ်ယူခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ အစောပိုင်းအဆင့်တွေကနေသာ ထွက်ခွာနေခဲ့ရပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဂျူဗီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာဆိုရင် အသက် ၃၇ နှစ်ကျော်ရှိနေမှာဖြစ်ပြီး ထိပ်သီးအသင်းတွေမှာ ကစားခွင့်ရမယ့် အခွင့်အရေးက နည်းသထက် နည်းပါးလာမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် သူ့ကိုခေါ်ယူမယ့်အသင်းတွေအဖြစ် ပီအက်စ်ဂျီ နဲ့ အသင်းဟောင်းရီးရဲလ်တို့ ရှိနေချိန်မှာ အသင်းထပ်မံပြောင်းရွှေ့ဖို့အတွက် စဉ်းစားနေဖွယ်ရာလည်း ရှိနေပါတယ်။



က္က