ရိုးမားကို ပြောင်းဖို့ သတင်းထွက်ခဲ့ပါတယ်။

မူလက ရိုးမားကို ရောက်မယ်လို့ သတင်းကြီးခဲ့ပြီးမှ ယခုအခါ ဇာခါဟာ အာဆင်နယ်မှာသာ ဆက်ရှိနေတော့ဖို့ များသွားတာ ဖြစ်ပါတယ်။

ဆွစ်ဇာလန် ကွင်းလယ်လူ ဇာခါဟာ အာဆင်နယ်အသင်းနှင့်အတူ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီလို့ Sky Sports သတင်းဌာနက ဖော်ပြလာပါတယ်။



မူလ အသင်းနှင့်အတူ ၂၀၂၃ခုနှစ်အထိ စာချုပ်ရှိနေသေးတဲ့ ဇာခါကို နည်းပြ မော်ရင်ဟိုက သူ အသစ်ရောက်ရှိသွား တဲ့ ရိုးမားအသင်းအတွက် လိုချင်နေခဲ့တာပါ။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ရိုးမားအသင်းတာဝန်ရှိသူတွေနဲ့ ဇာခါအတွက် တွေ့ဆုံဆွေးနွေးပေးခြင်း အလျဥ်း မရှိခဲ့ပါဘူး။

နည်းပြ အာတီတာအတွက်လည်း ဇာခါဟာ အာဆင်နယ်အတွက် အဓိက အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေ တာက သူ့ကို အသင်းမှာ ဆက်ရှိနေစေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ခြေစမ်းပွဲမှာလည်း ဇာခါဟာအသင်းအတွက် တစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။

“သူ အသင်းမှာ ဆက်ရှိနေချင်ပါတယ်။သူက အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်သလို အရေးပါတဲ့ အခန်းကဏ္ဍာမှာ ရှိနေပါတယ်။”လို့ အာတီတာက ပွဲအပြီးမှာ ပြောပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း ပွဲအပြီးမှာ သူ့ရဲ့ အင်စတာဂရမ်မှတဆင့် - အာဆင်နယ်ဟာ တကယ့် အိမ်လိုပါပဲ အသင်းမှာ စာချုပ်သက်တမ်းတိုးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။”လို့ ရေးသားဖော်ပြလာခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းဟာ ရာသီသစ်အတွက် ကစားသမားခေါ်ယူမှုအဖြစ် လက်စတာအသင်းမှ အင်္ဂလန် နောက်ခံ လူ ဘန်ဝှိုက်ကို ခေါ်ယူထားနိုင်ပြီ ဖြစ်ပြီး နောက်ထပ်လည်း ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ မက်ဒီဆင်ကို ခေါ်ယူနိုင် ရေး ကြိုးပမ်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က