သြဂုတ်လ ၁၀ ရက်နေ့အတွက်လို့ ဆိုပါတယ်။

El Chiringuito TV က Jose Alvarez ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အကြောင်းရင်းမသိရတဲ့အရာတစ်ခုအတွက် ပြင်သစ်နာမည်ကျော်အီဖယ်လ်မျှော်စင်ကို သြဂုတ်လ ၁၀ ရက်နေ့အတွက် ငှားရမ်းထားတယ်လို့ သိရပါတယ်။ စပိန်ဂျာနယ်လစ်ကတော့ ပီအက်စ်ဂျီဟာ ၂၀၁၇ တုန်းက နေမာကို ခေါ်ယူခဲ့စဉ်ကလည်း အခုလိုငှားရမ်းပြီး အသင်းကစားသမားအဖြစ် ကြေညာမှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အခုအခါမှာ ပီအက်စ်ဂျီရဲ့ ငှားရမ်းမှုကလည်း မက်ဆီအတွက်ဖြစ်မယ်လို့ ယူဆရကြောင်း ဆိုပါတယ်။ ဘာစီလိုနာနဲ့ လမ်းခွဲခဲ့ပြီးဖြစ်တဲ့ မက်ဆီဟာ ပီအက်စ်ဂျီကိုရောက်ရှိဖို့ ရေပန်းအစားဆုံးဖြစ်နေသူပါ။ ပီအက်စ်ဂျီကတော့ လာမယ့်ရက်အနည်းငယ်အတွင်းတောင် မဟုတ်ဘဲ နာရီအနည်းငယ်အတွင်း မက်ဆီနဲ့ သဘောတူညီမှုရရှိမယ်လို့ ယုံကြည်နေကြောင်းလည်း သိရပါတယ်။

အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးအတွက် ပီအက်စ်ဂျီက လုပ်ခလစာအများအပြားပေးချေဖို့ အသင့်ရှိနေသလို နေမာကလည်း သူ့ရဲ့ နံပါတ် ၁၀ ဂျာစီကို ပေးမယ်လို့ပါ ဆိုထားပါတယ်။ ရာမို့စ်၊ ၀ိုင်နယ်ဒမ်၊ ဒွန်နာရမ်မာတို့ကို အလွတ်ခေါ်ယူထားတဲ့ ပီအက်စ်ဂျီဟာ မက်ဆီကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထပ်မံခေါ်ယူနိုင်ဖို့ နီးစပ်နေတာလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ အသင်းဝင်ငွေစုစုပေါင်း ယူရိုသန်း ၅၆၀ အထိ ပီအက်စ်ဂျီက ရရှိခဲ့ပြီး ကစားသမားလုပ်ခအားဖြင့် ယူရို ၄၁၄.၄ သန်းအထိ ပေးချေခဲ့ရကြောင်း သိရပါတယ်။ မက်ဆီအတွက် ပေးချေရမယ့် ငွေကြေးပမာဏဟာ FFP စည်းမျဉ်းနဲ့ ငြိစွန်းနိုင်ဖွယ်ရာမရှိဘူးလို့ သိရပြီး အာဂျင်တီးနား အကျော်အမော်ကို ခေါ်ယူနိုင်ဖို့ရာ အခြေအနေအရပ်ရပ်က အကောင်းမွန်ဆုံးဖြစ်နေတာလည်းဖြစ်ပါတယ်။ 



က္က