အင်တာအသင်းသားအဖြစ်ရှိနေတယ်လို့ တုံ့ပြန်ခဲ့တာပါ။

ကစားသမားကတော့ စပိန်ထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘာကာ၊ ရီးရဲလ်၊ အက်သလက်တီကိုတို့ကိုသာ ပြောင်းရွှေ့ချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ 


မနေ့က ညပိုင်းမှာတော့ အင်တာမီလန်တိုက်စစ်မှူးမာတီနက်ဇ်ဟာ စပါးအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လူကာကူကို ချယ်လ်ဆီးဆီပြန်လည်ရောင်းချတော့မယ့်အချိန်မှာ မာတီနက်ဇ်ကိုပါ ထပ်မံရောင်းချမယ်ဆိုတာကြောင့် အံ့အားသင့်စရာကောင်းခဲ့ရပြီး တဖက်မှာလည်း စပါးအနေနဲ့ ဟယ်ရီကိန်းကို လက်လွှတ်ရဖို့သေချာတာကြောင့် ပြန်လည်အစားထိုးခေါ်ယူခဲ့တယ်လို့ စဉ်းစားဖွယ်ရာရှိခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဒီသတင်းတွေကို ကစားသမားရဲ့အေးဂျင့်ဖြစ်သူ ကာမာနိုက ပြက်ရယ်ပြုသွားခဲ့ပြီး သူ့ရဲ့ကစားသမားဟာ အင်တာမီလန်အသင်းသားအဖြစ်ရှိနေတယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ မာတီနက်ဇ်ကို ဘာစီလိုနာ၊ အာဆင်နယ်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားကတော့ စပိန်ထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘာကာ၊ ရီးရဲလ်၊ အက်သလက်တီကိုတို့ကိုသာ ပြောင်းရွှေ့ချင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ 

ကာမာနိုက "စပါးရဲ့ ကမ်းလှမ်းမှုလား၊ လော်တာရိုက အင်တာမီလန်ကစားသမားဖြစ်ပြီး အီတလီမှာ သူ ပျော်ရွှင်နေပါတယ်၊ စာချုပ်အသစ်နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်လည်း ကျွန်တော့်ကစားသမားက ကလပ်အသင်းနဲ့ အငြင်းပွားရတဲ့ကိစ္စတွေမှာ ဘယ်တော့မှ ဝင်ပါလေ့မရှိဘူး၊ ဘယ်တော့မှပါ၊ ဒါက အမှန်တရားပါပဲ' လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ဟယ်ရီကိန်းကို မန်စီးတီးက အလိုရှိနေပြီး ကစားသမားကလည်း လက်ရှိအချိန်ထိ အသင်းနဲ့လေ့ကျင့်ခန်းမဆင်းတာကြောင့် အသင်းပြောင်းရွှေ့နိုင်တယ်လို့ ယူဆရပါတယ်။ ကိန်းသာ ထွက်ခွာခဲ့မယ်ဆိုရင် စပါးဟာ တိုက်စစ်မှူးတစ်ဦးအစားထိုးခေါ်ယူရမှာဖြစ်ပြီး မာတီနက်ဇ်ကို ပစ်မှတ်ထားလာကာ သဘောတူညီမှုရခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါသတင်းနဲ့ မရှေးမနှောင်းမှာပဲ အင်တာမီလန်က ယူနိုက်တက်တိုက်စစ်မှူးမာရှယ်ကို စောင့်ကြည့်နေပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ 



က္က