အီကာဒီ၊ ဟာရဲရားတို့ ပါဝင်နေပါတယ်။

မက်ဆီအတွက် စာချုပ်လက်မှတ်ထိုးကြေးသက်သက် ပေါင် ၂၁သန်းအထိ ပေးချေရဖွယ်ရှိနေပြီး လုပ်ခလစာအားဖြင့်လည်း ဂျူဗင်တပ်စ်အသင်းမှာ ရော်နယ်ဒိုရရှိနေတဲ့ ယူရိုသန်း ၃၀ ထက် မနည်းပါးတဲ့ ပမာဏကို ပေးချေရဖွယ်ရှိတယ်လို့ သိရပါတယ်။ 


အသင်းလက်မဲ့ဖြစ်သွားတဲ့ မက်ဆီကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ အာဂျင်တီးနားကစားသမားအတွက် မြင့်မားတဲ့ လုပ်ခလစာကို ပေးချေရမှာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါငွေကြေးပမာဏကို ကာမိစေဖို့အတွက် ပြင်သစ်ကလပ်ဟာ ကစားသမား ၁၀ ဦးအထိကို ပြန်လည်ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နေမာ၊ ဘတ်ပီ၊ ရာမို့စ်၊ ဗာရက်တီတို့လို နာမည်ကျော်ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ ပီအက်စ်ဂျီအတွက်တော့ ကစားသမားတွေကို ပေးချေရမယ့် လုပ်ခလစာက ကြောက်ခမန်းလိလိရှိနေခဲ့တာဖြစ်ပါတယ်။ မက်ဆီအတွက် ပေးချေရမယ့် လုပ်ခလစာကိုပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင် ပိုမိုများပြားလာမှာဖြစ်လို့လည်း အသင်းလူစာရင်းကို လျှော့ချဖို့အတွက် လိုအပ်လာတာဖြစ်ပါတယ်။ 

ဒါကြောင့် အီကာဒီ၊ ဟာရဲရားတို့လို ကစားသမားတွေအပါအဝင် ကစားသမား ၁၀ ဦးအထိကို ပြနလည်ရောင်းချဖို့အတွက် ပီအက်စ်ဂျီက စီစဉ်နေတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အဲဗာတန်ကစားသမားဟောင်းဂွီယီ၊ ဘာစီလိုနာကစားသမားဟောင်း ရာဖင်ဟာ၊ အဘ်ဒူဒီယာလို နဲ့ ခါရာတို့လ်း ပါဝင်နေတယ်လို့ အဆိုပါသတင်းဌာနက ဆိုပါတယ်။ 

ပီအက်စ်ဂျီနဲ့ ဘဏ္ဍာရေးမျှတစွာကစားရေးစည်းကမ်းကိုလည်း လိုက်နာရဖို့ရှိနေတာကြောင့် မက်ဆီကိုခေါ်ယူပြီးပါက ငြိစွန်းဖွယ်ရာရှိနေတာဖြစ်ပါတယ်။ မက်ဆီအတွက် စာချုပ်လက်မှတ်ထိုးကြေးသက်သက် ပေါင် ၂၁သန်းအထိ ပေးချေရဖွယ်ရှိနေပြီး လုပ်ခလစာအားဖြင့်လည်း ဂျူဗင်တပ်စ်အသင်းမှာ ရော်နယ်ဒိုရရှိနေတဲ့ ယူရိုသန်း ၃၀ ထက် မနည်းပါးတဲ့ ပမာဏကို ပေးချေရဖွယ်ရှိတယ်လို့ သိရပါတယ်။ 



က္က