ပေါင် ၉၇.၅သန်းနဲ့ သဘောတူညီခဲ့တာလို့ သိရပါတယ်။

လူကာကူဟာ မီလန်မှာ ဆေးစစ်မှုခံယူခဲ့အပြီး ပြန်ထွက်အလာ သတင်းထောက်ရဲ့ ဗီဒီယိုမှာ ချဲလ်ဆီး ဂျာစီလို့ ယူဆနိုင်တဲ့အရာကို ကိုင်ဆောင်ထားဟန် ပါဝင်လာခဲ့တာပါ။

အီတလီမှာ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့အပြီး ပြန်ထွက်လာတဲ့ လူကာကူကို မီဒီယာက ဓာတ်ပုံ ဗီဒီယို ရိုက်ကူးနိုင်ရေး ကြိုးပမ်းခဲ့ရာမှာတော့ မထင်မှတ်ပဲ သေချာစေမယ့် သတင်းတစ်ပုဒ်ရဲ့ အစကို ရရှိစေခဲ့ပါတယ်။



ဗီဒီယိုဖိုင်တင်ခဲ့သူကတော့ fc interရဲ့ သတင်းထောက်တစ်ဦးဖြစ်ပြီး သူမြင်တွေ့ခဲ့တဲ့ မြင်ကွင်းအရ လူကာကူဟာ ချဲလ်ဆီး ဂျာစီလို့ မှတ်ယူနိုင်မယ့်အရာကို ကားနောက်ခန်းအတွင်း ကိုင်ဆောင်ထားတာကို ရိုက်ကူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

၇နှစ်လောက် ဝေးကွာခဲ့ပြီးမှ အိမ်ပြန်ရမယ့် လူကာကူအနေနဲ့ မီလန်မြို့မှာ ဆေးစစ်မှုတွေ အပြီးလုပ်ဆောင်ပြီး တနင်္လာ(သို့)အင်္ဂါနေ့ နောက်အကျဆုံး ချဲလ်ဆီးနဲ့ ပူးပေါင်းမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။



လူကာကူဟာ ချဲလ်ဆီးအသင်းမှာ ရှိစဥ် ခြေစွမ်းကောင်းကောင်း မပြသနိုင်ခဲ့ပေမယ့်လည်း အင်တာမီလန်အသင်း မှာတော့ မနှစ်က ခြေစွမ်းပြ ဂိုးတွေ သွင်းယူပြခဲ့သူပါ။

ချဲလ်ဆီးအသင်းကို လူကာကူ ပြောင်းရတဲ့ အခြေအနေကလည်း ကစားသမားရဲ့ ပင်ကိုယ်ဆန္ဒထက် အင်တာမီလန် အသင်းကလည်း သူ့ရဲ့ ကိုဗစ်ကာလအတွင်း ဘဏ္ဍာရေး ကြပ်တည်းမှုတွေကို ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့ဖို့ များပါတယ်။

ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းဟာ ကစားသမားတစ်ယောက်ကို ရောင်းချဖို့ အတော်လေး မက်လုံးပေးနေမှာ အမှန်ပါ။

လက်ရှိ အသက် ၂၈နှစ်ရှိပြီ ဖြစ်တဲ့ လူကာကူဟာ အင်တာမီလန်အသင်းကို ၂၀၁၉ခုနှစ်ကမှ ယူနိုက်တက်အသင်း ကနေ ပြောင်းရွှေ့ခဲ့သူပါ။

ချဲလ်ဆီးအသင်းမှာတော့ အခွန်ဆောင်အပြီး တစ်ပတ်လုပ်ခ ပေါင် ၂သိန်းခန့်နဲ့ ၅နှစ်စာချုပ်ချုပ်ဆိုဖွယ် ရှိနေပြီး ဒါဟာ ကလပ်အသင်းရဲ့ လုပ်ခ အများဆုံး ရရှိစေမယ့် ကစားသမားအဖြစ်လည်း ရှိလာစေမှာလို့သိ ထားရပါတယ်။



က္က