မကြာခင် စာချုပ်ချုပ်ဆိုမယ်လို့ အတိအကျဖော်ပြခဲ့ပါတယ်။

လူကာကူက အသင်းဟောင်းချယ်လ်ဆီးနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို ၁၂ သန်းအထိ ရရှိမယ်လို့လည်း သိရပါတယ်။


ချယ်လ်ဆီးကို ပြောင်းရွှေ့တော့မယ့် အင်တာမီလန်တိုက်စစ်မှူးလူကာကူဟာ အီတလီမှာပဲ ဆေးစစ်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ မီလန်မြို့မှာပဲ ဆေးစစ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ကားနဲ့သွားလာနေခဲ့ရာမှာ သူ့ရဲ့လက်ထဲ ချယ်လ်ဆီးအသင်းဂျာစီကိုပါ ကိုင်ဆောင်ထားပြီးဖြစ်တယ်လို့ Daily Star က ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ အင်တာမီလန်ကို အမှတ်ပေးဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ လူကာကူကို ချယ်လ်ဆီးက ယူရို ၁၁၅ သန်းအထိ ပေးချေကာ ခေါ်ယူခဲ့ရတာလည်းဖြစ်ပါတယ်။ အင်တာမီလန်အနေနဲ့ ပြီးခဲ့့တဲ့ ၂ နှစ်ကမှ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးကို ပြန်လည်ရောင်းချရာမှာ ငွေကြေးအရအကျိုးအမြတ်ရှိခဲ့ပေမယ့်လည်း အသင်းရဲ့ အဓိကဂိုးသွင်းစက်တစ်လုံးကို လက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။ 

လူကာကူက အသင်းဟောင်းချယ်လ်ဆီးနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို ၁၂ သန်းအထိ ရရှိမယ်လို့လည်း သိရပါတယ်။ ကနဦးသတင်းတွေအရတော့ ချယ်လ်ဆီးဟာ လီဝန်ဒေါစကီး၊ ဟာလန်းတို့ကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း ဘိုုင်ယန်နဲ့ ဒေါ့မွန်တို့က ရောင်းချမှာမဟုတ်ဘူးလို့တုံ့ပြန်ခဲ့တာကြောင့် လူကာကူကို ပစ်မှတ်ထားခဲ့ပြီး ကစားသမားဘက်ကလည်း အလွယ်တကူပဲ လက်ခံခဲ့တာဖြစ်ပါတယ်။

ဘဏ္ဍာရေးအဆင်မပြေမှုတွေရှိနေတဲ့ အင်တာမီလန်ကလည်း ချယ်လ်ဆီးဘက်က ကမ်းလှမ်းတဲ့ပမာဏကြောင့် ငြင်းဆန်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကစားသမားဘဝအစကို ချယ်လ်ဆီးနဲ့အစပြုခဲ့ရာမှာ အောင်မြင်မှုမရှိခဲ့တဲ့ မှတ်တမ်းဆိုးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ လူကာကူတစ်ယောက် ပြန်လည်ချေဖျက်ပြရတော့မှာလည်းဖြစ်ပါတယ်။ 



က္က