ကစားသမားဘဝပြောင်းရွှေ့ကြေးစုစုပေါင်းက ပေါင်သန်း ၃၀၀ ကျော်မှာပါ။

အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ အင်တာမီလန်အတွက် ခြေစွမ်းပြကစားခဲ့ပြီးနောက် အသင်းဟောင်းချယ်လ်ဆီးရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ပါတယ်။


အင်တာမီလန်အသင်းတိုက်စစ်မှူးလူကာကူဟာ လန်ဒန်ကို ရောက်ရှိနေပြီး ဒီနေ့မှာပဲ ချယ်လ်ဆီးကစားသမားသစ်ဖြစ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ မီလန်မှာ ဆေးစစ်မှုတွေပြုလုပ်ခဲ့တဲ့ လူကာကူဟာ စတန်းဖို့ဘရစ်ချ်မှာတော့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို အပြီးသတ်ဖို့သာ ကျန်ရှိတော့တာဖြစ်ပြီး ပေါင် ၉၇.၅ သန်းအထိ ချယ်လ်ဆီးဘက်က ပေးချေရမှာလည်းဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ အင်တာမီလန်အတွက် ခြေစွမ်းပြကစားခဲ့ပြီးနောက် အသင်းဟောင်းချယ်လ်ဆီးရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြတူချယ်လ်က ၀ါနာရဲ့ခြေစွမ်းကို နှစ်သက်မှုမရှိတာကြောင့် တိုက်စစ်မှူးတစ်ဦးတောင်းဆိုခဲ့ပြီး လီဝန်ဒေါစကီး၊ ဟာလန်းတို့ကို ပစ်မှတ်ထားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် လူကာကူကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန်နဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ချယ်လ်ဆီးနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၂ သိန်းအထိ ရရှိမယ်လို့ Fox News က ဖော်ပြခဲ့ပါတယ်။ ဒါဟာ သူ့ကို ချယ်လ်ဆီးရဲ့ လုပ်ခလစာအများဆုံးရကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်စေမှာဖြစ်သလို သူ့ရဲ့ ကစားသမားဘဝစုစုပေါင်းပြောင်းရွှေ့ကြေးကလည်း ကမ္ဘာပေါ်မှာ အများအပြားဆုံးဖြစ်လာခဲ့ပါတယ်။ 

လူကာကူရဲ့ ကစားသမားဘဝ စုစုပေါင်းပြောင်းရွှေ့ကြေးဟာ ပေါင် ၃၀၈.၅ သန်းအထိရှိနေပြီး ပီအက်စ်ဂျီတိုက်စစ်မှူးနေမာထက် ပေါင်သန်း ၃၀ များပြားနေကာ ဘရာဇီးလ်သားက ပေါင် ၂၇၁ သန်းသာ ရှိနေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို ချယ်လ်ဆီးနဲ့စတင်ရောက်ရှိလာခဲ့တဲ့ လူကာကူအတွက်တော့ ပြည်တော်ပြန်ခရီးလမ်းက ဘယ်လောက်အထိ သာယာမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 



က္က