ဂျူဗီနဲ့စာချုပ်နောက်ဆုံးနှစ်ရော်ကနေတာပါ။

အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ အတ္တလန္တာနဲ့ကစားခဲ့တဲ့ရာသီကြိုခြေစမ်းပွဲမှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့ပေမယ့် ဂိုးမသွင်းယူနိုင်ခဲ့ဘူးလို့ သိရပါတယ်။


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ သူ့ကိုခေါ်ယူနိုင်မလားလို့ မန်စီးတီးအသင်းကို ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။ ပီအက်စ်ဂျီက ရော်နယ်ဒိုကိုပါ ထပ်ခေါ်ဖို့ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေထွက်လာအပြီးမှာ အခုလိုသတင်းက ပြန်နှ့ံလာတာဖြစ်ပြီး ကစားသမားရဲ့အေးဂျင့်ဘက်က စတင်ဆက်သွယ်ခဲ့တယ်လို့ Football Italia က ဆိုပါတယ်။

အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ အတ္တလန္တာနဲ့ကစားခဲ့တဲ့ရာသီကြိုခြေစမ်းပွဲမှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့ပေမယ့် ဂိုးမသွင်းယူနိုင်ခဲ့ဘူးလို့ သိရပါတယ်။ သူ့ကိလူစားလဲလှယ်ချိန်မှာ ရော်နယ်ဒိုက အနည်းငယ်ကသိကအောက်ဖြစ်ခဲ့ပုံရပြီး အယ်လီဂရီရဲ့ အပြောင်းအလဲလုပ်ဆောင်မှုတွေအပေါ်မှာ မကျေနပ်မှုအနည်းငယ်ရှိခဲ့တယ်လို့ ယူဆရပါတယ်။ 

မန်စီးတီးကလည်း တိုက်စစ်မှူးတစ်ဦးကို အလိုရှိနေကာ စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပေမယ့် မအောင်မြင်သေးတာဖြစ်ပါတယ်။ တကယ်လို့သာ စပါးက သူတို့တိုက်စစ်မှူးကို မရောင်းချဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင် မန်စီးတီးရဲ့ပစ်မှတ်က ရော်နယ်ဒိုဖြစ်လာမလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ 

ဒါပေမယ့် ရော်နယ်ဒိုသာ အခုသတင်းတွေထွက်နေသလိုမျိုး မန်စီးတီးကို ပြောင်းရွှေ့မယ်ဆိုရင်တော့ မြို့ခံပြိုင်ဘက်အသင်းဟောင်းယူနိုက်တက်ပရိသတ်တွေရဲ့ မုန်းတီးမှုကိုရရှိဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် ရှိနေတဲ့ ရော်နယ်ဒိုဟာ ပရိသတ်အသည်းစွဲကစားသမားအဖြစ် ယခုထက်ထိ ရှိနေသေးတာလည်းဖြစ်ပါတယ်။ 


ဂျူဗီကတော့ ရော်နယ်ဒိုကို စာချုပ်သက်တမ်းမကုန်ခင် ရောင်းချရမယ်ဆိုပါက ယူရိုသန်း ၃၀ အထိ အလိုရှိနေကြောင်း ဆိုပါတယ်။ နောက်တချက်ကတော့ ကစားသမားရဲ့ တစ်နှစ်လုပ်ခ ယူရိုသန်း ၃၀ ပမာဏကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ ဂျူဗီတို့ကြားစာချုပ်သက်တမ်းဟာ ၁၂လသာ ကျန်ရှိတော့ပြိး စာချုပ်သစ်မချုပ်ပါက အလွတ်ထွက်ခွာခွင့်ပေးရမှာလည်းဖြစ်ပါတယ်။



က္က