၅နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ချဲလ်ဆီးအသင်းက ပြန်လည် ခေါ်ယူလိုပါက ပေါင် ၆၈သန်းဖြင့် ၂နှစ်အကြာမှာ ပြန်လည် ခေါ်ယူနိုင်တယ်လို့ သဘောတူညီချက်မှာ ပါရှိပါတယ်

ချဲလ်ဆီး တိုက်စစ်မှူး တန်မီအေဘရာဟင်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၄သန်းနဲ့ ရိုးမားအသင်းက အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါပြီ။



BBC SPORTသတင်းဌာနရဲ့ ဖော်ပြချက်အရ အေဘရာဟင်ဟာ ရိုးမားအသင်းနှင့်အတူ ၅နှစ်စာချုပ် ချုပ်ဆိုသွားဖို့ ရှိနေပြီး နောက်ထပ် ထူးခြားတဲ့ သဘောတူညီချက်တစ်ခုလည်း ပါဝင်နေပါတယ်။

အဲ့ဒါကတော့ ချဲလ်ဆီးအသင်းအနေနဲ့ အေဘရာဟင်ကို ခေါ်ယူလိုပါက အနည်းဆုံး ယခု ရောင်းချထားသည့် ပြောင်းရွှေ့ကြေး ပေါင် ၃၄သန်းရဲ့ ထက်ဝက်ပိုပေးပြီး ပေါင် ၆၈သန်းဖြင့် ပြန်လည်ခေါ်ယူနိုင်တဲ့ သဘောတူညီ ချက်ပါ။

“တကယ်လိုချင်တဲ့အသင်းက ချက်ခြင်းလက်ငင်းဆောင်ရွက်ပါတယ်၊ရိုးမားအသင်းက ဆုဖလားတွေအတွက် စိန် ခေါ်နိုင်စွမ်းအပြည့်ရှိတဲ့အသင်းကောင်းတစ်သင်းပါ၊ကျွန်တော့်မှာလည်း အဓိက ဆုဖလားတွေ ပိုင်ဆိုင်ထားနိုင်တဲ့ အတွေ့အကြုံကောင်း‌တွေရှိပြီး ယခုလည်း ရိုးမားနှင့်အတူ အဓိက ဆုဖလားတွေ ပိုင်ဆိုင်ချင်ပါသေးတယ်။”လို့ အေဘရာဟင်က ဆိုလာပါတယ်။

ရိုးမားအသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူးသစ်ကို ချက်ခြင်းဆိုသိလု ကျောနံပါတ် ၉ကို ပေးဝတ်လာခဲ့ပြီး ဒါဟာ ထူးခြားတဲ့ ပေးအပ်မှု တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

“ကျွန်တော့်ကို နံပါတ် ၉ ပေးလာတဲ့အပေါ် အင်မတန်မှ ဂုဏ်ယူမိသလို ဒီအသင်းနဲ့လည်း ပွဲထွက် ကစားဖို့ မ‌စောင့်နိုင်တော့ပါဘူး”လို့ အေဘရာဟင်က ဆက်လက်ဆိုပါတယ်။

ချဲလ်ဆီးအသင်းကတော့ သူတို့ရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ အင်တာမီလန်အသင်းက တိုက်စစ်မှူးလူကာ ကူကို ပြန်လည်ခေါ်ယူနိုင်ခဲ့တဲ့အတွက် အေဘရာဟင်ကို ယခုလို ရောင်းချပေးခဲ့တာပါ။


အေဘရာဟင်ဟာ ချဲလ်ဆီးအသင်းနှင့်အတူ အင်္ဂလိပ်ဆုဖလားပေါင်း ၆လုံး၊၈၂ပွဲကစားပြီး အသင်းအတွက် ဂိုးပေါင်း ၃၀သွင်းယူပေးနိုင်ခဲ့သူပါ။

ဒီကစားသမားကို ချဲလ်ဆီးအသင်းအနေနဲ့ ပြန်လည်ခေါ်ယူလိုပါက အနည်းဆုံး ၂ရာသီကစားပြီးတာ စောင့်ပြီးမှ ပြန်လည်ခေါ်ယူနိုင်မယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က