ရာသီဝက်အငှားနဲ့ လာကစားခဲ့ပြီး ၂ဂိုးသွင်းယူပြခဲ့ပါတယ်။

မနှစ်က ရာသီဝက် အငှားလာကစားခဲ့ပြီး ခြေစွမ်းပိုင်း အားရကျေနပ်မှုရှိတဲ့အတွက် အာဆင်နယ် အသင်းက အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာတာပါ။

အာဆင်နယ်အသင်းဟာ ရီးရဲမက်ဒရစ်အသင်းက ကွင်းလယ်လူ အိုဒီဂတ်ကို ပေါင် သန်း ၃၀ ဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူစာချုပ်နိုင်ရေး နီးစပ်လျက်ရှိနေပြီလို့ BBC SPORTက ဖော်ပြလာပါတယ်။



အသက် ၂၂နှစ်သာရှိသေးတဲ့ နော်ဝေးလ် ကွင်းလယ်လူဟာ မနှစ်က အာဆင်နယ်အသင်းမှာ ရာသီဝက်အငှားနဲ့ လာရောက် ကစားခဲ့သူပါ။

အာဆင်နယ်မတိုင်ခင် အိုဒီဂတ်ဟာ အခြားအသင်းတွေဖြစ်တဲ့ ဟီရန်ဗင်း၊ဗစ်ဆဲလ်၊ဆိုစီဒက်စ် စတဲ့ ကလပ်အသင်း တွေမှာ အငှားဖြင့်သွားရောက် ကစားခဲ့ရသူပါ။

မနှစ်က အာဆင်နယ်အသင်းအတွက် ရာသီဝက် အငှားနဲ့ လာကစားချိန်မှာတော့ ပြိုင်ပွဲစုံ ပွဲ ၂၀ ပါဝင်ကစားပေးနိုင် ခဲ့ပြီး ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သြဂုတ်လ ၃၁ရက်နေ့မှာ အပြောင်းအရွှေ့ ပိတ်မှာ ဖြစ်လို့အာဆင်နယ်အသင်းဟာ မပိတ်ခင်မှာ ကစားသမားသစ် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာတာပါ။

အာဆင်နယ်အသင်းအနေနဲ့ အိုဒီဂတ်ကို ‌နောက်ထပ် အငှားနဲ့ မဟုတ်ပဲ အပြီးသတ် ခေါ်ယူနိင်ရေး ကြိုးပမ်းလာတာ ဖြစ်ပြီး ချဲလ်ဆီးနဲ့ ကစားမယ့်ပွဲမှာ လူစာရင်း ပါဝင်လာနိုင်ဖို့ဆိုရင် သောကြာနေ့ မတိုင်ခင် အပြီးသတ် ခေါ်ယူနိုင်ဖို့ လိုနေပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ်ရာသီသစ်အတွက် ကစားသမားသစ်များအဖြစ် ဘန်ဝှိုက်၊လိုကွန်ဂါနဲ့တာဗာရက် စ်တို့ကို ခေါ်ယူထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က