ဒီနေ့မှာ အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။
Pyae Phyo Thein

၀ါနာဟာ ချယ်လ်ဆိးမှာ တစ်ပတ်လုပ်ခပေါင် တစ်သိ်န်းခုနှစ်သောင်းအထိ ရရှိသွားမှာဖြစ်ပြီးတော့ ဘွန်ဒက်လီဂါရာသီပြီးဆုံးတာနဲ့ ချယ်လ်ဆိးကို ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ 


ချယ်လ်ဆီးအသင်းဟာ လိုက်ဇစ်တိုက်စစ်မှူးတီမီုဝါနာကို ပေါင် ၄၇.၅သန်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ်။ ၀ါနာဟာ ချယ်လ်ဆိးမှာ တစ်ပတ်လုပ်ခပေါင် တစ်သိ်န်းခုနှစ်သောင်းအထိ ရရှိသွားမှာဖြစ်ပြီးတော့ ဘွန်ဒက်လီဂါရာသီပြီးဆုံးတာနဲ့ ချယ်လ်ဆိးကို ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ 

ချယ်လ်ဆိးအနေနဲ့ အေဂျက်ဇ်တောင်ပံကစားသမား ဇီယက်ကို ခေါ်ယူထားပြီးဖြစ်လို့ လမ်းပတ်အတွက် ၀ါနာက ဒုတိယမြောက်ခေါ်ယူမှုစြဖ်လာခဲ့ပြီဖြစ်ပါတယ်။ လမ်းပတ်ဟာ လက်စတာနောက်ခံလူဘင်ချိဝဲလ် နဲ့ လေဗာကူဆင်ကွင်းလယ်ကစားသမား ကိုင်ဟာဗက်ဇ်တို့ကို ထပ်မံခေါ်ယူဖို့အတွက် ကြိုးစားနေတယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။ 

"ချယ်လ်ဆီးကို ပြောင်းရွှေ့ရဖို့ အရမ်းကျေနပ်ဝမ်းသာမိပါတယ်၊ ကျွန်တော့်အတွက် ကြီးကျယ်ခမ်းနားတဲဲ့အသင်းတစ်သင်းကို ပြောင်းရွှေ့ခဲ့ရလို့ ဂုဏ်ယူစရာအခိုက်အတန်ပါပဲ၊ လိုက်ဇစ်အသင်းကိုလည်း ကျေးဇူးတင်ပါတယ်၊ ပရိသ်တတွေကိုလည်း လေးနှစ်တာအ့ံအားသင့်စရာကာလအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်နှလုံးသားထဲမှာ ခင်ဗျားတို့အမြဲရှိနေမှာပါ" 

"လာမယ့်ရာသီမှာ အသင်းဖော်သစ်တွေနဲ့ ကစားရမယ့်အပေါ်မှာ ကျွန်တော်စိတ်လှုပ်ရှားနေမပါတယ်၊ ကျွန်တော်တို့အတူတူကြိုးစားပြီးတော့ အောင်မြင်မှုတွေရရှိမယ့် အနာဂတ်က စောင့်ကြိုနေပါတယ်" လို့ ၀ါနာကပြောဆိုခဲ့ပါတယ်။ ၀ါနာကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးနည်းပြလမ်းပတ်နဲ့ အသင်းနည်းစနစ်ဒါရိုက်တာ ပီတာချက်တို့က ကြိုးစားခဲ့တာလို့ သိရပါတယ်။ 

ကစားသမားရဲ့ မိသားစုနဲ့ အေးဂျင့်ကို ချယ်လ်ဆီးက ဆက်သွယ်ခဲ့ပြီးနောက် ကစားသမားကိုယ်တိုင်ကလည်း ချယ်လ်ဆိးကို ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် အသင်းနဲ့အတူ ချန်ပီယံလိဂ်ပွဲတွေ မကစားပေးနိုင်ဘူးလို့ ငြင်းဆိုခဲ့ကြောင်း မနေ့က သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အခုအခါမှာတော့ ၀ါနာရဲ့ အပြောင်းအရွှေ့သတင်းကို နှစ်ဖက်စလုံးက အတည်ပြုနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 


Author


က္က