ကစားသမားရဲ့အေးဂျင့်ကို ဆက်သွယ်ခဲ့တာပါ။

ဟန်ဒါဆန်ကို လက်ရှိရရှိနေတဲ့ လုပ်ခလစာရဲ့ ၂ဆအထိပေးချေသွားဖို့ ချယ်လ်ဆီးက အသင့်ပြင်ထားကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။


ချယ်လ်ဆီးအသင်းဟာ ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေးပေးချေပြီး ခေါ်ယူခဲ့ရတဲ့ ကီပါနေရာကို အစားထိုးဖို့ ယူနိုက်တက်ကနေ ချယ်လ်ဆ်ိးကို အငှားနဲ့သွားကစားနေတဲ့ ဂိုးသမားဟန်ဒါဆန်ကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ကစားသမားရဲ့ အေးဂျင့်ကို ချယ်လ်ဆီးက တိုက်ရိုက်ဆက်သွယ်ကာ စုံစမ်းမေးမြန်းမှုတွေစတင်နေတာလည်းဖြစ်ပါတယ်။ 

ဟန်ဒါဆန်ကို လက်ရှိရရှိနေတဲ့ လုပ်ခလစာရဲ့ ၂ဆအထိပေးချေသွားဖို့ ချယ်လ်ဆီးက အသင့်ပြင်ထားကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ အသက် ၂၃နှစ်အရွယ် ဟန်ဒါဆန်ဟာ ရှက်ဖီးမှာ တစ်ပတ်လုပ်ခပေါင် ၇ သောင်းခန့်ရရှိနေတယ်လို့ ယုံကြည်ရပြီး ချယ်လ်ဆီးမှာတော့ ပေါင်တစ်သိန်းခုနှစ်သောင်းအထိရရှိဖွယ်ရှိနေပါတယ်။ 

ကီပါကို ခေါ်ယူခဲ့စဉ်က ချယ်လ်ဆီင်္းဟာ ပေါင်ရ၁သန်းအထိ ပေးချေခဲ့ရပေမယ့်လည်း အသင်းမှာလက်စွမ်းပြနိုင်ခြင်းမရှိတဲ့အပေါ် စိတ်ပျက်နေတာဖြစ်ပါတယ်။ အမှားအယွင်းတွေများပြားသလို တည်ငြိမ်မှုလည်း နည်းပါးတာကြောင့် လမ်းပတ်ရဲ့ လာမယ့်နှစ် အမှတ်ပေးဖလားကို စိန်ခေါ်မှုမှာ အားနည်းချက်တစ်ခုဖြစ် ဂိုးသမားနေရာက ရှိနေတာလည်းဖြစ်ပါတယ်

ဟန်ဒါဆန်ဟာ ရှက်ဖီးမှာ လက်စွမ်းပြနေပေမယ့် ယူနိုက်တက်ကတော့ ဒီဂီယာကိုသာ ဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်ဖွယ်ရှိနေပါတယ်။ လာမယ့်ရာသီမှာ ပုံမှန်ကစားခွင့်မရရှိဘူးဆိုရင်တော့ ကစားခွင့်ရမယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ခွင့်ပေးဖို့ ဟန်ဒါဆန်ကလည်း တောင်းဆိုဖွယ်ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဒီဂီယာက လက်စွမ်းကျနေပြီး အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲဖြစ်တဲ့ ချယ်လ်ဆီးနဲ့ပွဲမှာလည်း အမှားအယွင်းတွေရှိနေခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ ဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူပြီး အဓိကဂိုးသမားအဖြစ် ကစားစေဖို့အတွက် ယူနိုက်တက်ပရိသတ်တွေကလည်း တောင်းဆိုမှုတွေ ရှိနေတယ်လို့ သိရကာ ဆိုးလ်ရှားအတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ရတော့မှာဖြစ်ပါတယ်။ 



က္က