ဘယ်အသင်းလဲဆိုတာ အတိအကျမသိရသေးပါဘူး။
Pyae Phyo Thein

အင်တာမီလန်အသင်းက ဖြစ်နိုင်ချေအများဆုံးရှိနေပြီး ဂျူဗင်တပ်စ်အသင်းလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေခဲ့ကာ မက်ဆီကို သွေးတိုးစမ်းမှုတစ်ခုကတော့ ရှိလာခဲ့ပြီဖြစ်ပါတယ်။


အမည်မဖော်ပြထားတဲ့ စီးရီးအေကလပ်အသင်းတစ်သင်းဟာ မက်ဆီကို လေးနှစ်စာချုပ်နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဒီရာသီရလဒ်နဲ့ ခြေစွမ်းတွေအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ မက်ဆီကို များပြားတဲ့ငွေကြေးနဲ့ကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။ 

စုစုပေါင်းတန်ဖိုး ပေါင် ၂၃၅သန်းအထိတန်ကြေးရှိတဲ့ လေးနှစ်စာချုပ်ကိုကမ်းလှမ်းခဲ့တာဖြစ်ပြီးတော့ ဘယ်အသင်းလဲဆိုတာကို အတိအကျမသိရှိရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အင်တာမီလန်အသင်းက ဖြစ်နိုင်ချေအများဆုံးရှိနေပြီး ဂျူဗင်တပ်စ်အသင်းလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေခဲ့ကာ မက်ဆီကို သွေးတိုးစမ်းမှုတစ်ခုကတော့ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ အင်တာမီလန်နဲ့ နာပိုလီတို့ရဲ့ပွဲစဉ်ကို တရုတ်နိုင်ငံတွင်းမှာ ကြော်ငြာခဲ့ပြီး မက်ဆီရဲ့ ပုံရိပ်ကို ထည့်သွင်းအသုံးပြုကာ ဒီဇိုင်းပြုလုပ်ဖန်တီးဖို့ အင်တာမီလန်အသင်းပိုင်ရှင်က ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ မီလန်မြို့က နာမည်ကျော်ဘုရားရှိခိုးကျောင်းရဲ့ ပုံရိပ်နဲ့အတူ မက်ဆီအောင်ပွဲခံနေတဲ့ဟန်ကို ထည့်သွင်းထားခဲ့တာလည်းဖြစ်ပါတယ်။ 

အခုကမ်းလှမ်းခဲ့တဲ့ စာချုပ်တန်ဖိုးအရဆိုရင် မက်ဆီဟာ တစ်နှစ်ကို ပေါင် ၅၈.၇၅ သန်းအထိ ရရှိမှာဖြစ်ပြီးတော့ ဒါဟာ တစ်လကို ပေါင် ၄.၈၉သန်း၊ တစ်ပတ်လုပ်ခ ပေါင် ၁.၂၂ သန်းရှိမယ်လို့ တွက်ချက်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ ဘောလုံးသမိုင်းမှာ ဘယ်ကစားသမားကမှ တစ်ပတ်လုပ်ခ ပေါင် ၁သန်းအထိ ရရှိဖူးတာမဟုတ်တဲ့အတွက် ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေလည်း ရှိနေခဲ့ပါတယ်။ 


Author


က္က