စာချုပ်သစ်အတွက်လည်း မကြာခင် အသင်းနဲ့ စကားပြောဖို့ရှိတယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာအသင်းအတွက် ၂၂ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့သလို တစ်ဂိုးသာ သွင်းယူပေး နိုင်ခဲ့ပါတယ်။

အသင်းပြောင်းမယ်လို့ သတင်းထွက်ပေါ်နေတဲ့ ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကစားသမားရဲ့ အေးဂျင့် ရွိုင်အိုလာက အတည်ပြုပြောလာခဲ့ပြီဖြစ်ပါတယ်။

ပေါ့ဂ်ဘာအနေနဲ့ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်သလို စာချုပ်သစ်အတွက်လည်း မကြာခင်မှာ အသင်းနဲ့ စကားပြောဆိုသွားဖို့ ရှိတယ်လို့ ဆိုလာပါတယ်။

“မကြာခင်မှာ ကျွန်တော်တို့ စာချုပ်သစ်အတွက် စကားပြောဖို့ရှိပါတယ်။စိတ်ဖိစီးမှု အလျဥ်းမရှိပါဘူး။ယူနိုက် တက်မှာ ပေါ့ဂ်ဘာက အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် သူ ၁၀၀ရာခိုင်နှုန်းပါဝင်ဖို့က အင်မတန် အရေးကြီးပါတယ်။”လို့ ရွိုင်အိုလာက ဆိုပါတယ်။

ပေါ့ဂ်ဘာနဲ့ ယူနိုက်တက် ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့်ရာသီသစ် နွေရာသီမတိုင်ခင်အထိ သက်တမ်းရှိ ပြီး ကိုဗစ်ကြောင့် ပွဲတွေ မနားခင် မတ်လမတိုင်ခင်ထိမှာတော့ ပေါ့ဂ်ဘာဟာအသင်းအတွက် ၈ပွဲသာ ကစား ပေးထားနိုင်ခဲ့ပါတယ်။

ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်မှာတော့ ယူနိုက်တက်အတွက် ၁၄ပွဲလောက် ပြန်လည်ပါဝင်ကစားပေးထားနိုင်ခဲ့ပြီး ယူနိုက်တက်ကို ယူရိုပါလိဂ်နဲ့အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အပါအဝင် လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ စွမ်းဆောင်ပေးထားနိုင်ပါတယ်။


Author


က္က