သဘောတူညီမှုမရသေးပေမယ့် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာပါ။
Pyae Phyo Thein

လက်ရှိအချိန်မှာ ဒေါ့မွန်နဲ့ သဘောတူညီမှုမရရှိသေးပေမယ့် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာ စာချုပ်ချုပ်ဆိုဖို့လည်း ရည်ရွယ်နေပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျေဒန်ဆန်ချိုကို ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ထည့်သွင်းကစားဖို့အထိ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ဒေါ့မွန်နဲ့ သဘောတူညီမှုမရရှိသေးပေမယ့် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာ စာချုပ်ချုပ်ဆိုဖို့လည်း ရည်ရွယ်နေပါတယ်။ 

ယူနိုက်တက်ဟာ ကစားသမား၊ အေးဂျင့်တို့နဲ့ အဆင်ပြေမှုတွေရရှိထားပေမယ့် ကလပ်နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးညှိနှိုင်းနေရဆဲဖြစ်ပါတယ်။ ဒေါ့မွန်က ပေါင် ၁၀၈သန်းအထိတောင်းဆိုထားပြီး ယူနိုက်တက်က အဆိုပါပမာဏကိုပေးချေဖို့ လက်တွန့်နေကာ အပိုဆုကြေးတွေအပါအဝင်နဲ့ ကမ်းလှမ်းထားတာလည်းဖြစ်ပါတယ်။ 


နော်ဝေသတင်းထောက်တစ်ဦးဖြစ်တဲ့ Fredrik A N Flitvedt က သူ့ရဲ့တွစ်တာမှာ "ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အခုလိုကြာမြင့်နေတဲ့အပေါ် ဆိုးလ်ရှားက ဒေါသထွက်နေပါတယ်၊ ဒါပေမယ့် ယူနိုက်တက်ကတော့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုတွေတိုးပွားနေပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲကို ဆန်ချိုပါဝင်နိုင်ဖ်ို့အထိတောင် သူတို့က ရည်မှန်းထားပါတယ်" လို့ ရေးသားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ၁၉ ရက်နေ့မှာ ပဲလေ့စ်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မတိုင်ခင် ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ဆိုတာကြောင့် လာမယ့်လေးငါးရက်အတွင်းမှာပဲ ဒီအပြောင်းအရွှေ့ကို အပြီးသတ်ဖို့ အားထုတ်ဖွယ်ရှိနေပြီး ဆန်ချိုက တကယ်ပဲ ယူနိုက်တက်အသင်းသားဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 


Author


က္က