တစ်နှစ် ယူရို ၇ သန်းထိ ပေးချေရပါမယ်။

ရာဘီအို့စ်ကတော့ ၉ နှစ်ကြာ ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ကာ ဂျူဗင်တပ် ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းက ပြင်သစ်လက်ရွေးစင် ကွင်းလယ် ကစားသမား ရာဘီအို့စ်တို့အကြား ၅ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့ပြီလို့ Goal.comက အတည်ပြု ထုတ်ပြန်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့တဲ့ ရာဘီအို့စ်အနေနဲ့ ဂျူဗင်တပ်အသင်းနဲ့အတူ တစ်နှစ် ယူရို ၇ သန်း တန်ကြေးရှိတဲ့ ၅ နှစ် စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာပါ။

ဂျူဗင်တပ်အသင်းရဲ့ အားကစားဒါရိုက်တာ ဖာဘီယိုအနေနဲ့ ပြင်သစ်ကို ပြီးခဲ့တဲ့ သောကြာနေ့က သွားရောက်ခဲ့ ပြီး ညှိုနှိုင်းခဲ့တာလို့လည်း သိရပါတယ်။

မကြာခင်မှာတော့ ဂျူဗင်တပ်အသင်းက တရားဝင် သတင်းထုတ်ပြန်မှု ပြုလုပ်လာမယ်ဆိုတဲ့အကြောင်းလည်း Goal.comက ဖော်ပြထားပါတယ်။

လူငယ်ကစားသမားဘဝကတည်းက ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းကို အသက် ၂၄ နှစ်အရွယ်ရာဘီအို့စ်အနေနဲ့ ၉ နှစ်အကြာမှာ လမ်းခွဲခဲ့တာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းကတော့လက်ရှိမှာ အာဆင်နယ်အသင်းကရမ်ဆေးကို အလွတ်နဲ့ ခေါ်ယူထားသလို၊အေဂျက် နောက်ခံလူ ဒီလစ်ကိုလည်း ခေါ်ယူနိုင်ရေး နီးစပ်လျက်ရှိနေပါတယ်။

ဒါ့အပြင် မန်ယူအသင်းက ပေါ့ဂ်ဘာကိုလည်း ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းဖြစ်ပြီး နည်းပြသစ်အဖြစ် ချဲလ်ဆီးနည်းပြ ဆာရီကိုလည်း ပြောင်းလဲ ခန့်အပ်ထားပါတယ်။



က္က