အသက် ၂၁နှစ်သာရှိသေးပြီး သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး လူငယ်ကစားသမားဖြစ်ပါတယ်။

ဘတ်ပေကို ပီအက်စ်ဂျီအသင်းက မိုနာကိုအသင်းထံကနေ ပြောင်းရွှေ့ကြေး ၁၆၅သန်းနဲ့ လီဂူဝမ်းမှာ ပြည်တွင်း ကစားသမားခေါ်ယူများအနက် ကြေးအများဆုံး ကစားသမားလည်းဖြစ်၊ပရော်ဖက်ရှင်နယ်လောကမှာ ကြေးအမြင့်ဆုံး လူငယ်ကစားသမားလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ လူငယ်တိုက်စစ်မှူး ကိုင်လီဘတ်ပေက အသင်းကနေ ထွက်ခွာချင်တယ်လို့ ဆိုလိုက်ပြီလို့ The Mirror သတင်းဌာနက ဖော်ပြလာပါတယ်။



ဘတ်ပေအနေနဲ့ အသင်းပြောင်းခဲ့မယ်ဆိုရင် စပိန်(သို့)အင်္ဂလန်ကို ပြောင်းဖို့ရှိပြီး အင်္ဂလန်မှာဆိုရင်တော့ ယူနိုက် တက်နဲ့လီဗာပူးတို့က အပြိုင်စိတ်ဝင်စားနေတယ်လို့လည်း The Times သတင်းဌာနက ဖော်ပြလာပါတယ်။

အခုလို ပြောင်းမှာကတော့ ချက်ခြင်းမဟုတ်သေးပဲ ရာသီကုန်မှသာ ပြောင်းမယ်လို့ ကြိုတင်ပြောထားတာ ဖြစ်ပြီး အသင်းအနေနဲ့ သူ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ် ရှာဖွေဖို့လည်း အချိန်ပေးထားတယ်လို့ မီဒီယာတွေက သုံးသပ်ဖော်ပြလာပါတယ်။

ဘတ်ပေအနေနဲ့ကတော့ ပီအက်စ်ဂျီအသင်းနဲ့အတူ ၂၀၁၈ခုနှစ်က ၅နှစ်စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး မိုနာကို အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၆၅သန်းနဲ့ ပြည်တွင်းလိဂ်အတွင်း ကြေးအမြင့်ဆုံးခေါ်ယူမှုလည်းဖြစ်ပါ တယ်။

အခုလိုမျိုး အသင်းပြောင်းမယ်လို့ ဆိုလိုက်ချိန်မှာတော့ ပီအက်စ်ဂျီအသင်းအတွက် ငွေကြေး အမြောက်အမြား အကုန်အကျခံဝယ်ထားသမျှ ခဲလေသမျှ သဲရေကျရဖို့ ရှိလာပါတယ်။

အကြောင်းကတော့ ဘတ်ပေက ငယ်ရွယ်ပေမယ့် အခြားကစားသမားတွေနဲ့မတူ စံချိန်ကောင်းများစွာ၊ထူးခြားချက် ပေါင်းများစွာ ပိုင်ဆိုင်ထားသူ ဖြစ်ပြီး အသက် ၁၉နှစ်နဲ့ ကမ္ဘာ့ဖလားကိုလည်း ပိုင်ဆိုင်ထားနိုင်သူပါ။

အသင်းသမိုင်းတစ်လျှောက် မရယူဖူးသေးတဲ့ ချန်ပီယံလိဂ်ဆုဖလားကို ပိုင်ဆိုင်နိုင်ဖို့ ပီအက်စ်ဂျီရဲ့ အရွေ့မှာ ဘတ်ပေက အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။

ဘတ်ပေအနေနဲ့ကတော့ ပီအက်စ်ဂျီအသင်းကို ပြောင်းခဲ့စဥ်က အခြားအသင်းကြီးတွေဖြစ်တဲ့ ရီးရဲမက်ဒရစ်၊မန်စီး တီးအသင်းတို့ကို ငြင်းဆန်ပြီးရောက်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင်တော့ ကလပ်အသင်းနဲ့အတူ ပွဲပေါင်း ၁၀၂ပွဲမှာ ၇၇ဂိုးထိ သွင်းယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။

အသက် ၂၁နှစ်အရွယ်သာ ရှိသေးတဲ့ ဘတ်ပေအနေနဲ့ ဒီနှစ်ဟာ ပီအက်စ်ဂျီနဲ့ ကစားတာ နောက်ဆုံးနှစ် ဖြစ်လာမ လား၊လာမယ့်နှစ်မှာ အခြား အသင်းကြီးတစ်သင်းသင်းနဲ့ မြင်တွေ့နိုင်မလား၊ပရီးမီးယားလိဂ်ရောက်လာမလား ဆိုတာကတော့ စာချုပ်တွေရဲ့ အသက်ဝင်မှု၊ခေါ်ယူလိုတဲ့ အသင်းရဲ့ ငွေကြေး ကြွယ်ဝမှု၊ ကစားသမားရဲ့ ဆန္ဒ စတာတွေနဲ့အတူ လာမယ့်နှစ် အရောင်းအဝယ်ရာသီမှာ ဆက်လက်စောင့်မျှော်ကြည့်ရှုရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က