မာဆယ်လိုဘီယဲလ်ဆာရဲ့ အသင်းဟာ တန်းတက်လာခဲ့ပြီးနောက် အရည်အသွေးမြင့်ကစားသမားတွေကို ချိတ်ဆက်ခေါ်ယူနေပြီး အင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။
လိဒ်ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းတိုက်စစ်ကစားသမားဒရက်ဇ်လာကို ခေါ်ယူဖို့ ကြိုးစားနေတယ်ပြီး ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်းလည်း RMC Sports က ဖော်ပြသွားခဲ့ပါတယ်။ မာဆယ်လိုဘီယဲလ်ဆာရဲ့ အသင်းဟာ တန်းတက်လာခဲ့ပြီးနောက် အရည်အသွေးမြင့်ကစားသမားတွေကို ချိတ်ဆက်ခေါ်ယူနေပြီး အင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။
ဒရက်ဇ်လာဟာ ပီအက်စ်ဂျီမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး အရံခုံမှာသာ အချိန်ကုန်နေရသူဖြစ်ပါတယ်။ ၂၀၁၇ မှာ ပီအက်စ်ဂျီကိုရောက်ရှိခဲ့တဲ့ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ အသင်းနဲ့စာချုပ်သက်တမ်း ၁၂လသာ ကျန်ရှိတော့တာဖြစ်ပြီး ကစားသမားကတော့ လိဒ်ယူနိုက်တက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာတုံ့ပြန်မှုမလုပ်ထားဘဲ ဘွန်ဒက်လီဂါကလပ်တွေရဲ့ ကမ်းလှမ်းမှုကိုတော့ ပယ်ချထားခဲ့ပါတယ်။
ပီအက်စ်ဂျီအတွက် ပွဲပေါင်း ၁၄၀ ကစားပေးထားပြီး ဂိုး ၂ဝသွင်းယူကာ ၃၂ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရာသီတွေမှာ အရန်ကစားသမားအဖြစ်နဲ့သာ ပွဲထွက်နေခဲ့ရပြီး ဒီအခွင့်အရေးကို အရယူဖို့ လိဒ်ယူနိုက်တက်ကြိုးစားနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီကလည်း ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီစေဖို့အတွက် ကစားသမားတချို့ကို ရောင်းချဖို့ စီစဉ်နေကြောင်းလည်း RMC က ရေးသားခဲ့ပါတယ်။