ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခီလိုင်ဖီနဲ့ တွေ့ဆုံခဲ့ပြီးပြီလို့ သိရပါတယ်။

ကာဗာနီရဲ့ နေရာမှာ ဂရစ်ဇ်မန်းကို အစားထိုးဖို့ ပီအက်စ်ဂျီက စီစဉ်နေတာဖြစ်ပြီး အယ်လ်ခီလိုင်ဖီ ကိုယ်တိုင် ဂရစ်ဇ်မန်းနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်တယ်လို့ Sport က အတိအကျဖော်ပြခဲ့ပါတယ်။


အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ထွက်ခွာတော့မယ့်လို့ အတည်ပြုထားပြီးဖြစ်တဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ကတ်တလန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Sport က ဂရစ်ဇ်မန်း နဲ့ ပီအက်စ်ဂျီအသင်းဥက္ကဌ အယ်လ်ခီလိုင်ဖီတို့ဟာ အပြောင်းအရွှေ့အတွက် ဆွေးနွေးပြီးဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာကို အသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အက်သလက်တီကိုဥက္ကဌ ဆီရီဇိုက သူ့ ကစားသမားအတွက် ဘာစီလိုနာဆီက ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမှ မရရှိထားဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ ဂရစ်ဇ်မန်းကလည်း ပြီးခဲ့တဲ့ ရက်အတွင်းကပဲ သူ့အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာကို သိထားပြီးဖြစ်တယ်လို့ ဖွင့်ပြောမှု ရှိခဲ့ပါတယ်။

ဂရစ်ဇ်မန်းကို ခေါ်ယူလိုပါက စာချုပ်ဖျက်သိမ်းကြေး ပေါင် (၁၀၅)သန်းအထိ ပေးချေရမှာဖြစ်ပြီး ကစားသမားအတွက်လည်း လုပ်ခလစာမြင့်မြင့်မားမား ပေးချေရဖွယ် ရှိနေပါတယ်။ ဘာစီလိုနာက ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ လျော့ကျခဲ့ပြီးနောက်မှာ ပီအက်စ်ဂျီက ခေါ်ယူဖို့ အားထုတ်ခဲ့ပြီး ကစားသမားနဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေခဲ့တာ ဖြစ်ပါတယ်။

ကာဗာနီရဲ့ နေရာမှာ ဂရစ်ဇ်မန်းကို အစားထိုးဖို့ ပီအက်စ်ဂျီက စီစဉ်နေတာဖြစ်ပြီး အယ်လ်ခီလိုင်ဖီ ကိုယ်တိုင် ဂရစ်ဇ်မန်းနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်တယ်လို့ Sport က အတိအကျဖော်ပြခဲ့ပါတယ်။ ဥရောပအောင်မြင်မှု ရရှိဖို့ ရည်မှန်းထားတဲ့ ပီအက်စ်ဂျီက အသင်းတိုက်စစ်မှာ နေရာစုံရွေ့လျားကစားနိုင်တဲ့ တိုက်စစ်အတွဲကို ဖန်တီးချင်နေပြီး နေမာ၊ ဘတ်ပီ၊ ဂရစ်ဇ်မန်းတို့နဲ့ တည်ဆောက်သွားဖို့ မျှော်လင့်နေပါတယ်။

ဘာစီလိုနာကတော့ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီး ဗလန်စီယာတိုက်စစ်မှူး ရိုဒရီဂို နဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့ကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဂျီရိုနာ တိုက်စစ်မှူး စတူအာနီကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဆွာရက်ဇ်နေရာအတွက် ဘာစီလိုနာက လက်ရှိအပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦး မဖြစ်မနေ ခေါ်ယူသွားမှာလည်း ဖြစ်ပါတယ်။



က္က