အံ့အားသင့်ဖွယ်ရာကမ်းလှမ်းဖြစ်ပါတယ်။

ပီကေးက တစ်ပတ်လုပ်ခပေါင်နှစ်သိန်းနှစ်သောင်းအထိရရှိနေသူဖြစ်ပြီး ဖူလ်ဟမ်အတွက်တော့ ကစားသမားရဲ့လုပ်ခလစာမြင့်မားနေမှုက အခက်တွေ့ဖွယ်ရှိနေပါတယ်။ 


ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဖူလ်ဟမ်အသင်းဟာ အံ့အားသင့်ဖွယ်ရာကမ်းလှမ်းမှုအဖြစ် ဘာစီလိုနာနောက်ခံလူပီကေးကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် စပိန်နောက်ခံလူဟာ ဘာစီလိုနာကနေ ထွက်ခွာရဖွယ်ရှိနေသူဖြစ်ပြီး ဖူလ်ဟမ်က အသင်းအတွက် အတွေ့အကြုံရင့်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ပြင်ဆင်လာတာဖြစ်ပါတယ်။ 

ဘာစီလိုနာဟာ နည်းပြဆက်တီယန်ကို ထုတ်ပယ်ခဲ့ပြိး ရော်နယ်ကိုးမန်းကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ကာ အသင်းတွင်းပြောင်းလဲမှုတွေကိုလည်း အများကြီးပြုလုပ်သွားမယ်လို့ သိရပါတယ်။ ကစားသမား ၈ဦးအတွက်သာ အနာဂတ်အာမခံချက်ရှိနေပြီး အဆိုပါကစားသမားတွေထဲမှာ ပီကေးမပါဝင်ဘဲ နည်းပြသစ်က မလိုအပ်ဘူးဆိုပါက ရောင်းချခံရမှာလည်းဖြစ်ပါတယ်။ 

Libero ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ကစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ပီကေးကို ဖူလ်ဟမ်က ချိတ်ဆက်နေခဲ့တာဖြစ်ပြီး အသင်းကိုဦးဆောင်ခိုင်းဖွယ်ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိမှာ ပီကေးက တစ်ပတ်လုပ်ခပေါင်နှစ်သိန်းနှစ်သောင်းအထိရရှိနေသူဖြစ်ပြီး ဖူလ်ဟမ်အတွက်တော့ ကစားသမားရဲ့လုပ်ခလစာမြင့်မားနေမှုက အခက်တွေ့ဖွယ်ရှိနေပါတယ်။ 

စကော့ပါကားရဲ့အသင်းကို နာမည်ကျော်သူဌေးကြီးဆာဟစ်ခန်က ပိုင်ဆိုင်ထားတာဖြစ်ပြီးတော့ ပေါင် ၇.၈ ဘီလီယံကြွယ်ဝသူဖြစ်ပါတယ်။ ဖူလ်ဟမ်ကိုဝယ်ယူခဲ့ပြီးနောက် ဆာဟစ်ခန်က ထင်ရှားတဲ့အပြောင်းအရွှေ့တွေကို လုပ်ဆောင်ပေးခဲ့ပြီး အခုအခါ ပရီးမီးယားလိဂ်ကို နောက်ထပ်တစ်ကြိမ်တက်ရောက်နိုင်ခဲ့ပြီးနောက် အသင်းအတွက် ငွေကြေးသုံးစွဲခွင့်တွေကို ခွင့်ပြုပေးဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ 



က္က